Skip to main content

Posts

Showing posts with the label religion

sawsan စူဠသောတာပန်ဖြစ်နိုင်သူများ

လူတို့အား ဟိတ်အရ ပုဂ္ဂိုလ်သုံးမျိုးခွဲထား ပါသည်။  ၁။ သုဂတိအဟိတ်ပုဂ္ဂိုလ်  ၂။ ဒွိဟိတ်ပုဂ္ဂိုလ်  ၃။ တိဟိတ်ပုဂ္ဂိုလ်တို့ဖြစ်သည်။  ပဋိသန္ဓေနေစဉ်ကတည်းက ကျိုးကန်းဆွံ့အ နား မကြား ထုံထိုင်း လူစဉ်မမီဖြစ်ပြီး မွေးလာသောသူ ကို သုဂတိအဟိတ်ပုဂ္ဂိုလ်ဟု ဆိုပါသည်။  ခြေလက်အင်္ဂါမချို့ယွင်းသော်လည်း ဉာဏ်ပညာ နည်းသောသူမျိုးကို ဒွိဟိတ်ပုဂ္ဂိုလ်ဟုဆိုပါသည်။ တိဟိတ်ပုဂ္ဂိုလ်ကား ဉာဏ်ပညာ ထက်မြက်သော ပုဂ္ဂိုလ်ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်သုံးမျိုးအနက် စူဠသောတာပန်အဆင့်ကို သုဂတိအဟိတ်ပုဂ္ဂိုလ်မရနိုင်ပေ။ ဒွိဟိတ်နှင့်တိဟိတ် ပုဂ္ဂိုလ်နှစ်မျိုးရနိုင်ပါသည်။ သို့ကြောင့် ယေဘုယျသဘောအားဖြင့် မွေးရာပါ ဆွိ့ အ နားမကြား ထုံ ထိုင်း ကျိုးကန်း လူစဉ်မမီ သူများမှတစ်ပါး မည်သူမဆို အားထုတ်လျှင် စူဠသောတာပန်ဖြစ်နိုင်ပါသည်။ ရုပ်နာမ်ကို အကြောင်းနှင့်တကွ သိရာ၌ စာသိ သုတသိမျှဖြင့် စူဠသောတာပန်မဖြစ်နိုင်ပါ။  နာမရှုပ ပရိစ္ဆေဒဉာဏ်ဟူသော ရုပ်နာမ်ကို ပိုင်းခြားသိမြင်ခြင်း ပစ္စယ ပရိဂ္ဂဟဉာဏ်ဟူ သော ရုပ်နာမ်၏ ဖြစ်ခြင်းအကြောင်းကိုသိမြင် ခြင်းဟူသော ဉာဏ်စဉ်နှစ်ဆင့်ရအောင် ကျင့် ကြံပွားများ အားထုတ်ရပါသည်။ ထို့ကြောင့် စူဠသောတာပန်သည် သုတသိ၊ အကျင့်သိနှစ်မျိုးပေါင်းဟု ဆို