Skip to main content

Posts

Showing posts with the label balance

sawsan လူ့သဘာဝ

ဘဝဟာ ကိုယ့်စိတ်တိုင်းကျ ကိုယ်လုပ်ခွင့်ရနေတယ်လို့ထင်နေတာဖြစ်ဖြစ် သူများရဲ့ခြယ်လှယ်မှုအောက်မှာ အလုံးစုံကျရောက်နေတယ်လို့ထင်နေတာဖြစ်ဖြစ် အစွန်းရောက်တဲ့အတွေးတွေပါဘဲ။ ငါးတစ်ကောင်ဟာ ဘယ်တီကောင်ကို ဖြစ်ဖြစ် ရွေးခြယ်စားလို့ရတယ်။ ဒါပေမဲ့ ငါးမြားချိတ်ပါတဲ့ တီကောင်ကို စားမိတာဟာ ရွေးခြယ်မှုမှားယွင်းတာ သက်သက်မဟုတ်ဘူး။ သတ္တဝါမှန်သမျှဟာ အစာစားရမယ်။ နားရမယ်။ မျိုးဆက်သစ်တွေမွေးထုတ်ရမယ်။ ကိုယ့်ရဲ့ မိသားစုကိုကာကွယ်ရမယ်။ ကျူးကျော်လာသူကို တွန်းလှန်ရမယ်။ ဗီဇက သတ္တဝါတိုင်းဆီမှာ စေ့ဆော်တွန်းအားပေးနေတဲ့ သဘာဝတရားဖြစ်တယ်။  မွေးခါစ ဖြူစင်တဲ့ကလေးလေးမှာတောင် လောဘ၊ ဒေါသ၊ မောဟ တွေကပါလာပြီးသားပါဘဲ။ ဘဝအစမှာကထဲက ဒုက္ခနဲ့ သုခဟာ ယှဉ်တွဲပြီးသားဖြစ်ပါတယ်။ ဘယ်လောက်ချမ်းသာတဲ့သူဖြစ်ဖြစ် ဒုက္ခမကင်းနိုင်သလို ဘယ်လောက်ဆင်းရဲတဲ့သူဖြစ်ဖြစ် သုခနဲ့မကင်းပါဘူး။ တကယ်တမ်း လူတွေဟာ ငါးတွေထက်အများကြီးပိုညဏ်မကောင်းပါဘူး။  ငါးမြှားချိတ်မှာ မိနေတဲ့ လူတွေမှ အပုံကြီးပါဘဲ။ ရယူလိုစိတ်နောက်မှာ ရုန်းထွက်မရတဲ့ ချိတ်နဲ့ငြိနေကြတာပါဘဲ။ ငါဘာဖြစ်ချင်တယ် ဘာဖြစ်ရမယ် ဆိုတာတွေက တကယ်တော့ ကိုယ့်ကိုယ်ကိုယ်ချည်တဲ့ကြိုးတွေပါဘဲ။ လူဆိုတာ တခြားသတ္တဝါတွေထက်ညဏ်ကောင်

sawsan စားသုံးသူအတွက် ထုတ်ကုန် နဲ့ ဝန်ဆောင်မှု မျှတဖို့လိုတယ်

ကျနော် အင်တာနက်ထဲမှာ စာတွေ ရှာဖတ်တဲ့အခါ တစ်ချို့ စာကောင်းလေးတွေ google ကနေရှာရင်းတွေ့တာလေးတွေရှိတယ် စာဖတ်ဖို့ link ကိုနှိပ်လိုက်တဲ့အခါ webpage က တော်တော်နဲ့ ကျမလာဘူးဖြစ်နေတယ်ဗျာ ကျနော်တို့ နိုင်ငံက ကွန်နရှင်နှေးတာလည်းပါတာပေါ့ ... ဒါပေသိ ကွန်နရှင်က နှေးတာထက် site ထဲမှာ သုံးထားတဲ့ wedgets တွေ၊ ကောင်းနိုးရာရာ js တွေနဲ့ တခြားတခြားသော link ချိတ်ဆက်မှုတွေက site ရဲ့ page ကို စာဖတ်မရလောက်အောင် (ဖတ်ချင်စိတ်ကုန်သွားလောက်အောင်) အသုံးပြုထားတာတွေ့နေရတယ်။ အဲ့ဒါလေးတွေနဲ့ ပါတ်သတ်လို့ ကျနော့ အမြင်လေးကို ပြောပြချင်ပါတယ်။ ကျနော်စားသောက်ဆိုင်တွေကို သွားတဲ့အခါ ဆိုင်က အစားအသောက်ကောင်းလား၊ ဝန်ဆောင်မှုကော ဘယ်လိုနေလဲဆို အကဲခတ်လေ့ရှိပါတယ်။ တစ်ခုကကောင်းပြီး တစ်ခုက အားနည်းနေရင် ဘယ်လိုမှ အဆင်မပြေတက်ပါဘူး။ ဝန်ဆောင်မှု နဲ့ ထုတ်ကုန် balance မျှနေဖို့လိုပါတယ်။ အဲ့လိုပဲ ကျနော်တို့ website တည်ဆောက်တဲ့အခါ (မြန်မာနိုင်ငံရဲ့ လက်ရှိ ကွန်နရှင်အနေအထားကြောင့်ပြောတာပါ) ကိုယ့် website က ဝန်ဆောင်မှုကို အဓိကထားမှာလား ထုတ်ကုန်တွေကို အဓိကထားထားလားဆိုတာ သုံးသတ်ဖို့ လိုပါတယ်။ ဝန်ဆောင်မှုဆိုတာကလည်း စားသုံးသူကို စိတ်ကြေနပ်မှု ဖြစ်စေတဲ