Skip to main content

Posts

sawsan BIOS Password and Admin Password Changer

ဒါ program လေးက နည်းနည်းတော့ ရှားမယ်ထင်ပါတယ်။ ကွန်ပျုတာ service လုပ်တဲ့ သူတွေအတွက် ဆောင်ထားသင့်တဲ့ program တစ်ခုပါ။ ကွန်ပျုတာကို လိုအပ်လို့ window ပြန်တင်မယ်ဆိုတဲ့အခါမှာ BIOS ထဲကို ၀င်ရတဲ့အခါ.. BIOS password ပေးထားရင် Desktop ကွန်ပျုတာမှာ cmos battary လေးဖြုတ်လိုက်ရုံနဲ့ အဆင်ပြေပေမယ့် Laptop မှာ cmos battary ဖြုတ်ဖို့ နည်းနည်းခက်ပါတယ်။ ဒါကြောင့် ဒီ BIOS Password Changer လေးက ဆောင်ထားသင့်တာပါ။ Download (file size = 36 kb) >> https://sites.google.com/site/sawsanpku/biospasswordchanger.zip ၁။ ဒီ bios password changer.zip လေးကို down ပြီး zip ဖိုင်လေးကို ဖြည်၊ အထဲက ဖိုင် ၂ ဖိုင်ကို CD ခွေနဲ့ ကူးထားပါ။ usb stick အလွတ်ထဲမှာ ထည့်ပြီး သုံးမယ်ဆိုရင်လည်း ရပါတယ်။ ၂။ bios password changer ခွေ or usb လေးနဲ့ boot တက်ပါ။

sawsan ကွန်ပျုတာ မ hang ခင်သိထားသင့်သည့် အချက် ၇ ချက်

ကွန်ပျုတာ မ hang ခင်သိထားသင့်တဲ့ အချက်တွေဖြစ်ပြီး ပုံမှန်ဂရုစိုက်ပြီး လုပ်စေချင်တာပါ။ ဒါပေသိ မလုပ်ဖြစ်လို့ ကွန်ပျုတာ hang နေပီဆိုမှ လုပ်ချင်တယ်ဆိုရင်လည်း ကွန်ပျုတာကို ပြန်လည်သွတ်လပ်စေဖို့ လုပ်ဆောင်ရမည့် အချက်တွေပဲဖြစ်ပါတယ်။ ၁။ run box မှာ msconfig လို့ရိုက်ပြီး startup tab မှ item တွေ အားလုံးကို disable all လုပ်ပြီး ctfmon ဆိုတဲ့ item တစ်ခုကိုပဲ check ပြန်လုပ်ပြီး ok နှိပ်ပါ။ restart ချမှာလား မေးရင် exist without restart ကိုနှိပ်ပြီး restart နောက်မှ လုပ်မယ်ပြောလိုက်ပါ။ ၂။ run box မှာ services.msc လို့ရိုက်ပြီး ကိုယ့်ကွန်ပျုတာမှာ အသုံးမပြုဖြစ်တဲ့ services တွေ၊ အသုံးပြုမှု အလွန်နည်းတဲ့ services တွေကို disable လုပ်ထားပါ။ ၃။ My computer အတွင်းရှိ data ထည့်သုံးထားသော Drive များကို Disk Clean up & Defragment ကို တစ်ပါတ် တစ်ခါဖြစ်ဖြစ် အားလပ်ချိန်များတွင် ပြုလုပ်ပေးပါ။ hardware ပိုင်းမှာလည်း တစ်လတစ်ခါဖြစ်စေ ဖုန်တွေကို မှုတ်ထုတ်ပြီး သန့်ရှင်းရေးလုပ်ပေးပါ။ ၄။ ကွန်ပျုတာတွင် virus ရှိမနေအောင် ဂရိုတစိုက် စောင့်ရှောက်ပါ။ ရှိ/မရှိ ကြည့်ကြည့်ပေးပါ။ Antivirus တစ်ခုခုကို ပုံမှန် update လုပ်ပေးပြီး

sawsan ဦးတည်ချက် ရှိမှ ရွှေးချယ်စရာဆိုတာ ဖြစ်လာတယ်။ ရွေချယ်းစရာ ရှိမှ လွတ်လပ်မှုလည်း ရှိတယ်။ ဒါကြောင့် ဦးတည်ချက်မရှိတဲ့သူမှာ လွတ်လပ်မှု မရှိဘူး။

The man without a purpose is a man who drifts at the mercy of random feelings or unidentified urges and is capable of any evil, because he is totally out of control of his own life. ဦးတည်ချက်မရှိတဲ့သူဟာ သူ့စိတ်ထဲမှာ ကြုံသလို ပေါ်လာနေတဲ့ ခံစားမှုတွေ နောက်ကို မျောပါသွားတယ်။ ကြုံသလို ပေါ်လာနေတဲ့ ဆန္ဒတွေ နောက်ကို မျောပါသွားတယ်။ သူဟာ ဘယ်လို မကောင်းမှုကို မဆို လုပ်နိုင်တဲ့အခြေအနေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဘဝကိုသူ စည်းကမ်းရှိအောင် လုံးဝ မလုပ်နိုင်လို့ပဲ။ ဒါကြောင့် လူငယ်တွေ ဘဝဦးတည်ချက် မရှိတာဟာ လူ့အသိုင်းအဝိုင်းအတွက် အင်မတန် အန္တရယ်များတယ်။ ဒါ လူငယ်တွေကို အပြစ်တင်တာမဟုတ်ဘူးနော်။ လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်တာ များတဲ့နိုင်ငံတွေမှာ ပြစ်မှုကြူးလွန်တဲ့သူတွေ များတယ်။ ဒါဟာ အမှန်တရားပဲ။ ၀ိုင်းစဉ်းစားရမယ်။ ၀ိိုင်းလုပ်ရမယ်။ လူငယ်တွေကို အလုပ်ရှာပေးရမယ်။ လူငယ်တွေကလည်း ရတဲ့အလုပ်ကို လုပ်ရင်းနဲ့ ပိုကောင်းတဲ့အလုပ်ကို လုပ်နိုင်အောင် ကိုယ့်အရည်အချင်းကို မြှင့်ရမယ်။ He does not know what his values are. သူဘာတွေကို တန်ဘိုးထားတယ်ဆိုတာ သူမသိဘူး။ ဘာကို တန်ဘိုးထားတယ်ဆိုတာ သိရင် အဲဒါဟာ သူ့ဦးတည်ချက်၊ ရည်မှန်းချက်ပဲ။

sawsan သိနေတဲ့ စိတ်ကို ပြန်သိပါ

We enjoy our own consciousness. ကိုယ့်စိတ်ကို ကိုယ်ခံစားတယ်။ တကယ်တော့ ကိုယ် တကယ် ထိထိမိမိခံစားလို့ရတာဟာ ကိုယ့်စိတ်ပါပဲ။ လူတွေဟာ စိတ်ကို ခံစားတယ် .. နော်။ ဒါကို လေးလေးနက်နက် သဘောပေါက်စေချင်တယ်။ ကိုယ်တကယ် အထိမိဆုံး ခံစားရတာ ကိုယ့်စိတ်ဘဲ။ ကျန်တာတွေက တစ်ဆင့်ခံပြီး သိရတာတွေပါ။ တစ်ခုခုကို ကြည့်လို့ သိတယ်ဆိုတာ တစ်ဆင့်ခံပြီး သိရတာတွေပါ။ တစ်ခုခုကို ကြည့်လို့ သိတယ်ဆိုတာ တစ်ဆင့်ခံစားရလို့ သိတာ။ စိတ်က ခံပေးလို့ ရောက်တာ။ စိတ်က မယူရင်၊ မခံစားရင် စိတ်ထဲ မရောက်နိုင်ဘူး။ စိတ်ကို စိတ်နဲ့ ပြန်ကြည့်တာဟာ တိုက်ရိုက်ပဲ သိနေတယ်။ အဲ့ဒီတော့ စိတ်ကို ပြန်ခံစားရတယ် ဆိုတာကို ဥပမာ ပြောနိုင်မလား။ တစ်ချို့လူတွေ ရယ်စရာ ရုပ်ရှင်ကားတွေ သွားကြည့်တယ်။ ဘာဖြစ်လို့တုန်း။ အဲ့ဒီစိတ်ကို ပြန်ခံစားတာပဲနော်။ တစ်ချို့လူတွေက တစေ္ဆ၊ သူရဲကားတွေ ကြည့်တယ် ဘာဖြစ်လို့တုန်း။ ကြောက်တဲ့ စိတ်ကို ခံစားတာနော်။ တစ်ချို့ လူတွေက အလွမ်းကားတွေ ကြည့်တယ်။ ကောင်းလွန်းလို့ ငိုလိုက်ရတာ။ နောက်တစ်ခါ သွားကြည့်ဦးမှပဲ။ ဘာဖြစ်လို့လဲ။ လွမ်းရတဲ့ စိတ်၊ လွမ်းရတဲ့ "emotion" ကို ခံစားတာ .. နော်။ လူဟာ ကိုယ့်စိတ်ကို ကိုယ်ပြန်ခံစားတယ်။ အဲဒီလိုပဲ စိတ်ထဲမှာ ကောင

sawsan စာလုံးလေးတစ်ခုခုရဲ့ အတွင်းနေရာမှာ ကိုယ့်ပုံကို ပြောင်းထည့်ခြင်း

ဒီလိုဗျာ စကားလုံးလေးတစ်ခုခုထဲမှာ အဲ့ဒီ စာလုံးရဲ့ အရောင်နေရာမှာ ကိုယ့်နှစ်သက်ရာ ပုံကို အစားထိုးဖို့ ဘယ်လိုလုပ်ရတယ်ဆိုတာ ပြောမလို့ပါ။ သိပ်မရှင်းဘူးထင်တယ် ကျနော်လုပ်ထားတဲ့ ပုံလေးကိုကြည့်ကြည့်နော်.. အဲ့လိုလေးဗျာ စာလုံးလေးတစ်ခုပေါ့ အဲ့ထဲမှာ ကိုယ့်ပုံကို ထည့်သုံးချင်တယ်ဆိုရင်လေ

sawsan ဘာအခက်အခဲကိုမှ ရင်မဆိုင်ရဲတဲ့သူဟာ ဘယ်လိုနည်းနဲ့မှ စိတ်ဓာတ် ရင့်ကျက်တဲ့သူ အသိဉာဏ် ရင့်ကျက်တဲ့သူ ပညာတက်တဲ့သူ အစွမ်းအစရှိတဲ့သူ မဖြစ်နိုင်ဘူး

ဒါပေမယ့် အဲ့ဒီလိုလူက သူများကို အကြံဉာဏ်ပေးတက်တယ်။ ဘယ်လို အကြံဉာဏ်လဲဆိုတော့ " မလုပ်နဲ့ မလုပ်နဲ့၊ အဲ့ဒါ လုပ်လို့ ဖြစ်မှာ မဟုတ်ဘူး။ ဘယ်လိုလုပ်ရင် ဘယ်လို အခက်တွေ့လိမ့်မယ်။ အဆင်မပြေ ဖြစ်လိမ့်မယ်။ ရှိတဲ့ငွေလေး ဘဏ်မှာ ထည့်ထားလိုက်။ ဘဏ်တိုးလေးနဲ့ စား။ အေးအေးဆေးဆေး နေ။ ဒီခေတ်မှာ ဘာမှ မလုပ်တာ အကောင်းဆုံးပဲ။ လုပ်သမျှ အဆင်မပြေ ဖြစ်မယ်။ ကိုယ့်ဒုက္ခ ကိုယ်မရှာပါနဲ့ " အဲဒီလို လူမျိုးက ပေးတဲ့ အကြံဉာဏ်ကို ဘယ်လိုလူက ယူမလဲ။ သူလိုလူကပဲ ယူလိမ့်မယ်။ မစွန့်စားရရင် မနေနိုင်တဲ့သူကတော့ ဘဏ်တိုးလေးနဲ့ ထိုင်စားတဲ့ အလုပ်ကို လုပ်မှာ မဟုတ်ဘူး။ စွန့်စားချင်တဲ့သူဟာ လကုန်မှ လခရတဲ့ အလုပ်ကို လုပ်မှာ မဟုတ်ဘူး။ စွန့်စားချင်တဲ့သူဟာ ကိုယ့်အရည်အချင်းတွေကို တစ်မျိုးပြီး တစ်မျိုး သုံးနေရမှ ကျေနပ်နိုင်မယ်။ ကိုယ့်အရည်အချင်းတွေကို သုံးနေရမှ စွန့်စားတာလို့ ခေါ်တယ်။ ဘာအရည်အချင်းမှ မသုံးရရင် ဘယ်လို စွန့်စားမလဲ။ ပြီးတော့ အရည်အချင်းအသစ်တွေကို တိုးနေမှ ကျေနပ်နိုင်မယ်။ ငွေဘယ်လောက် ရရ ဘာအရည်အချင်းမှ မတိုးတတ်တဲ့နေရာမှာ မနေနိုင်ဘူး။ ပညာရတဲ့ နေရာကို ပြောင်းမယ်။ ပြောင်းတယ်ဆိုတာကိုက စွန့်စားတာပဲ။ ပြောင်းတယ်ဆိုတာ မသေချာတာကို လုပ်တာ။ ပြေ

sawsan ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူ

ဒီနာမည်လေးနဲ့ ဧဒင်မှာ နေရာလေး တစ်ခုသတ်မှတ်ဖို့ စိတ်ကူးမိတယ်။ ဘာလို့လဲဆိုတော့ ဗုဒ္ဓဘာသာကို စိတ်ဝင်စားလို့ပါပဲ။ ဗုဒ္ဓဘာသာကို လေ့လာဖြစ်ရတဲ့အကြောင်းက ကျနော့ စိတ်နဲ့ အံဝင်ဂွင်ကြမဖြစ်တာလေးတွေ၊ ကျနော့စိတ်ကို အနာတရဖြစ်စေလောက်တဲ့ အကြောင်းလေးတွေ တနည်းအားဖြင့် လောကဓံတစ်ခုခု ခက်ဆတ်ဆတ်ရိုက်ခံရတာများလာတဲ့ အခါမှ စပြီး ဘာသာရေးကို လေ့လာဖြစ်တာပါ။ သာမန်အားဖြင့် လောကဓံတစ်ခုခု ရိုက်ခံရတဲ့အခါ လူတွေမှ ဖြစ်တက်တာက တစ်ချို့ အရက်သောက်မယ် လောကကြီးကို ခဏမေ့ပစ်လိုက်မယ်၊ သွေးဆူလာတဲ့အခါ စိတ်ထွက်ပေါက်အဖြစ် အကုန်ပေါက်ကွဲပြီး ရင်ဖွင့်ပစ်လိုက်မယ်။ တစ်ချို့ကျ အားငယ်သွားတယ်၊ ငါကိုယ်က ကံဆိုးတာပါဆိုပြီး ကိုယ့်ပါနဲ့ကိုယ် ကြိတ်ခံစားနေတတ်တယ်။ နောက်ဆုံး မခံစားနိုင်တော့ရင် မသိစိတ်ကနေ ဖြေဖျောက်ပစ်လိုက်တယ်။ အသိစိတ်နဲ့ သိသိမှတ်မှတ် ဖြေဖျောက်တာ မဟုတ်တဲ့အတွက် စိတ်မှာ အတွင်းဒဏ်ရာနဲ့ မသိမသာ ကျန်နေခဲ့တက်တယ်။ တစ်ချို့က စာဖတ်တယ်၊ စာပေထဲက အသိပညာကို ရှာတယ်။ ပြီးတော့ အဲ့ဒီ အသိပညာနဲ့ လောကဓံတစ်ခုခုကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ရဲ့ သဘာဝကို သိအောင်လုပ်တယ်။ ကိုယ့်စိတ်သဘာဝကို သိအောင်လုပ်ရင်း လူတွေရဲ့ စိတ်သဘာဝ ဖြစ်တက် ပျက်တတ်တာတွေကို သိလာတယ်၊ နားလည်လာတယ်