Skip to main content

Posts

sawsan အလုပ်

အတန်းထဲမှာ အမှတ်ကောင်းတဲ့ သူငယ်ချင်းတွေ၊ စာတော်တဲ့ သူငယ်ချင်းတွေ ဘဝမှာ တကယ်ပဲ အောင်မြင်ပါသလား။ ကျောင်းစာမှာ ထိပ်ရောက်သူတွေဟာ လုပ်ငန်းခွင်တွေမှာ မအောင်မြင်ဘူးလို့တွေ့ရသတဲ့။ ဒီလိုပြောတာကတော့ ယေးလ်တက္ကသိုလ်ကပါမောက္ခ ဒေါက်တာရောဘတ်စတင်းဘာ့ချ်ပဲ ဖြစ်တယ်။  သူဟာ ဉာဏ်ရည်ဉာဏ်သွေး သုတေသနမှာ ထိပ်တန်း ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်။ ကျောင်းစာမှာ ထိပ်ရောက်သူတွေဟာ လုပ်ငန်းခွင်တွေမှာ မအောင်မြင်ရတာ ဒီလူတွေဟာ တကယ်မှ ကျောင်းမှာ တော်ရဲ့လား။ စာမေးပွဲတွေကပဲ လွယ်လာလို့လား။ မဟုတ်ပါဘူး။ အတန်းတိုင်းလိုလိုမှာ တကယ်တော်သူများ ရှိတယ်။ သူတို့ဟာ တကယ်တော်ကြောင်း ကျောင်းဆရာ လုပ်ဖူးသူတိုင်း သိကြတယ်။  ပါမောက္ခ ရောဘတ်စတင်းဘာ့ချ်က လက်တွေ့ ဉာဏ်ရည်ဉာဏ်သွေးပေါ် မူတည်တယ်လို့ သူကဆိုတယ်။ ဒီဉာဏ်ရည်ဉာဏ်သွေးနဲ့ ပတ်သက်တဲ့ သုတေသနစာတမ်းကို ပါမောက္ခစတင်းဘာ့ချ် က တင်သွင်းခဲ့တယ်။ အံ့အားသင့်စရာ ကောင်းတာက သင့်မှာ အောင်လက်မှတ် စက္ကူတွေ များလေလေ၊ နေ့စဉ် ပြဿနာများကို ဖြေရှင်းနိုင်မှုအား နည်းလေလေပဲတဲ့။ ထိုသူများဟာ လက်တွေ့ ဉာဏ်ရည်ဉာဏ်သွေးအတွက် ရမှတ်တွေလည်း နည်းသတဲ့။  လက်တွေ့ ဉာဏ်ရည်ဉာဏ်သွေးဟာ ကျောင်းစာတော်တာနဲ့ တခြားစီ ဖြစ်နေတယ်။ တစ်ခါတစ်ခါ ဆန့်ကျင်

sawsan သတိဆိုတဲ့ နေအိမ်

I have no enemy. I make carelessness my enemy. ငါ့မှာ ရန်သူ မရှိပါဘူး။ ငါဟာ သတိမပါ၊ ဉာဏ်မပါ ပေါ့ပေါ့တန်တန် ဖြစ်သလို နေတတ် လုပ်တတ်တာကိုပဲ ငါ့ရန်သူလို့ သဘောထားပါတယ်။ လောကသဘာဝမှာ ချစ်တဲ့သူရှိသလို မုန်းတဲ့သူလည်းပဲ ရှိပါတယ်နော်။ မြတ်စွာဘုရားမှာလည်း ရန်သူရှိခဲ့ပါတယ်။ မြတ်စွာဘုရားတောင်မှ ရန်သူရှိခဲ့တယ်ဆိုတော့ သာမန်လူတွေမှာ ရန်သူရှိမှာ ဧကန်မုချပဲ။ သို့သော် ကဗျာရေးတဲ့သူဟာ အင်မတန်လေးနက်တဲ့ တရားသဘောဆန်တဲ့ အကြောင်းအရာကို ပြောနေတာဆိုတော့ ကြောက်စရာ အကောင်းဆုံး ရန်သူဟာ သတိမပါ၊ ဉာဏ်မပါ ပေါ့ပေါ့တန်တန် ဖြစ်သလို ပြီးစလွယ် လုပ်တက်တာကို ရန်သူလို့ ဆိုလိုချင်တာပါ။ အင်မတန်လေးနက်တဲ့ စကားပါနော်။ နက်နက်နဲနဲ စဉ်းစားစေချင်တယ်။ ဘဝကို ညံ့ဖျင်းသွားစေတဲ့အရာထဲမှာ သတိမပါ ဉာဏ်မပါ ဖြစ်သလို နေတတ်လုပ်တတ်တာဟာ ထိပ်ဆုံးက ပါနေတယ်။ ပါဋ္ဌိစကားသုံးပြီးတော့ ပြောမယ်ဆိုရင် အဝိဇ္ဇာ၊ မောဟ၊ ပမာဒတွေပဲ။ သတိနဲ့ ဉာဏ်ပါပြီဆိုရင် ဝိဇ္ဇာဆိုတဲ့ သိမှုဖြစ်သွားပြီ။ ဒါဆိုရင် အမောဟ၊ အပ္ပမာဒ ဖြစ်သွားပြီ။ သတိမရှိခြင်း၊ ဉာဏ်မရှိခြင်းဟာ အကြီးမားဆုံးရန်သူ။ ဘာလုပ်လုပ် သတိပါမှ၊ ဘာပဲတွေးတွေး သတိပါမှ၊ သတိက ရှေ့က အရင်ပါရမယ်။ သတိကောင်းလာရင် ဉာဏ်လိုက်လာတယ်။ သတိ

sawsan WordPress Theme မပြောင်းခင် ပြုလုပ်သင့်သည့်အရာများ

WordPress ရဲ့ Theme ကို ပြောင်းလဲဖို့ဆိုတာ အလွန် လွအလုပ်တစ်ခု ဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့ Theme ကို activate လုပ်လိုက်ရုံလေးတင်ပါပဲ။ ဒါပေမယ့်လို့လည်း ကိုယ့်ရဲ့ လက်ရှိ အသုံးပြုနေတဲ့ Theme ကို အခြား theme နဲ့ အစားမထိုးခင် တနည်းအားဖြင့် မပြောင်းလဲခင်မှာ အောက်ကအချက်တွေကို ပြုလုပ်ပေးသင့်ပါတယ်။ ၁။ လက်ရှိ Theme အတွက် မှတ်တမ်းပြုစုပေးပါ။ ကျွန်တော်တို့ အနေနဲ့ WP Theme ကို မပြောင်းခင်မှာ လက်ရှိ အသုံးပြုနေတဲ့ Theme နဲ့ ပတ်သက်ပြီး အကောင်းအဆိုး၊ အကြောင်းအကျိုးကို မှတ်တမ်း ပြုစုပေးသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ WordPress အသုံးပြုသူတွေဟာ သူတို့ရဲ့ WP Blog မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို Web ပေါ်မှာ ရှာဖွေလေ့ ရှိကြပါတယ်။ အဲဒီလို ရှာဖွေကြတဲ့အခါ ကိုယ်သုံးဖူးတဲ့ theme အကြောင်းကို ရှာဖွေနေတဲ့ WP users တွေအတွက် အထောက်အကူ ရရှိစေနိုင်ရန် လက်ရှိ theme ကို မှတ်တမ်းပြုပြီး Web ပေါ်မှာ တင်ထားသင့်ခြင်း ဖြစ်ပါတယ်။ အဲဒီလို မှတ်တမ်းပြုတဲ့အခါမှာလည်း theme ထဲမှာ မိမိ ထပ်မံ ထည့်သွင်းထားတဲ့ code တွေ အကြောင်း၊ ဘာဖြစ်လို့ ထည့်သွင်းရခြင်း ဖြစ်ပါတယ် ဆိုတဲ့ အကြောင်းကိုပါ မှတ်တမ်းထဲ ထည့်သွင်း ရေးသားသင့်ပါတယ်။ ၂။ Widget-Ready Them

sawsan How to add next link & previous link for wordpress single post

wordpress single post မှာ next post link နဲ့ previous post link ကို ဖော်ပြပေးချင်တာနဲ့ အဲ့ဒီ function ပါပီးသား theme တစ်ခုဖြစ်တဲ့ zBench theme ထဲက single.php ဖိုင်ကို ဖတ်ကြည့်ဖြစ်တယ်.. ကျနော်လိုချင်တဲ့ function အတွက် ရေးထားတဲ့ php code ကိုတွေ့ပါတယ်.. ဒီလိုလေး ရေးထားပါတယ်.. <div id="nav-below"> <div><?php previous_post_link( '%link', '<span>&larr;</span> %title' ); ?></div> <div><?php next_post_link( '%link', '%title <span>&rarr;</span>' ); ?></div> </div> ဒီ php code လေးကို ကျနော်တို့ရဲ့ wordpress theme ထဲက single.php ထဲမှာထည့်ပေးရမှာပါ။ single.php ထဲက ဘယ်နေရာလဲဆိုတော့ post entry တစ်ခုရဲ့ အဆုံးနားလေးမှာ ထည့်ပေးရမှာ။ ကျနော် ပုံလေးနဲ့ ပြပေးမယ်.. ဒီလိုဗျာ.. ပုံမှာ အနီရောင်နဲ့ပြထားတာက အရင်ရှိပီးသား post entry အတွက်ရေးထားတဲ့ php code အပြာရောင်နဲ့ပြထားတာက အခု ကျနော်တို့ ထပ်ဖြည့်လိုက်တဲ့ php code ဒါဆို ရှင်းမယ်ထင်ပါတယ်... အခု next & pre

sawsan How to add post entry content in search results

ဒီလိုဗျာ ကျနော်တို့ wordpress theme တွေမှာ search ကနေ တစ်ခုခုကို ရှာလိုက်ရင် တစ်ချို့ theme တွေမှာ post title အနေနဲ့ပဲ ဖော်ပြပေးတယ်။ post entry အပြည့်အစုံနဲ့ မဖော်ပြပါဘူး။ အဲ့လို post entry အပြည့်အစုံဖော်ပြပေးဖို့ဆိုရင် search.php ထဲမှာ php code လေးတွေ နည်းနည်းရေးပေးရမယ်.. search.php ထဲမှာ <?php if ( have_posts() ) : ?> ဒီ php code လေးကို ရှာပြီး အဲ့ဒီ code အောက်မှာ