Skip to main content

Posts

Showing posts from December, 2010

sawsan Windows DOS CMD များကို စိတ်ဝင်စားရင် လေ့လာဖို့ပါ။

ဒီလိုဗျာ ကွန်ပျုတာမှာ mouse မပေါ်ခင်က အတော်လေးအသုံးဝင်ခဲ့တဲ့ MS DOS CMD ဆိုတာရှိတယ်။ အဲ့ဒါလေးတွေကို အခု mouse ပေါ်လာတော့ အသုံးပြုမှု မရှိသလောက်ဖြစ်လာတယ်။ တစ်ချို့ လူတွေကတော့(လူတော်တွေလို့ပြောရမလားပဲ) ဒီ MS DOS CMD တွေကို သုံးနေတာတွေ့ရတယ် ဟုတ်တယ်ဗျ MS DOS CMD တစ်ချို့က အခုထိ ကျနော်တို့အတွက်သုံးဝင်နေသေးတာကိုတွေ့ရတယ်။ ကျနော်က ဟိုစပ်စပ်ဒီစပ်စပ်လျောက်လုပ်တက်တော့ စိတ်ဝင်စားတယ်။ Microsoft က ဒီ CMD တွေအကြောင်းကို ကွန်ပျုတာတိုင်းရဲ့ help ဖိုင် ထဲမှာထည့်ပေးထားပါတယ်။ help ဖိုင်ကို ဖွင့်ပြီး ရှာဖတ်ရင်တွေ့နိုင်ပါတယ်။ CMD တွေရဲ့ ဘေးက အဓိပ္ပါယ်တွေကို ဖတ်ကြည့်ပြီး အသုံးပြုချင်တဲ့ CMD ကို Click နှိပ်ပြီး အသုံးပြုနည်းကိုဖတ်ပါ။ ဖတ်ကြည့်လို့ နားလည်တယ် ကိုယ်လည်းစိတ်ဝင်စားတယ်ဆိုရင်တော့ စမ်းသုံးကြည့်ပေါ့ဗျာ။ ကိုယ်စိတ်ဝင်စားရာ တစ်ခုခုတော့ စမ်းသုံးကြည့်ပေါ့ဗျာ အတက်ပညာတစ်ခုခုကို ဖတ်ကြည့် စမ်းကြည့်တဲ့သူက တစ်ခုလုပ်တက်ရင် တစ်ခုပေါ့ ဘာမှ မလုပ်တဲ့သူထက်စာရင် အရေးကြုံရင် ကိုယ့်မှာ အသုံးချစရာ လက်နက်ရှိနေတာပေါ့ဗျာ။ စိတ်ဝင်စားလို့ စမ်းသုံးကြည့်ရင်း အဆင်မပြေတာများရှိရင်ပြောပါဗျာ ကျနော်လည်း DOS CMD တွေကို နှံစပ်အောင်မလုပ်ဖ

sawsan Virus ငယ်ငယ်လေး ရေးနည်း၊ ဖြေရှင်းနည်း

ဒီလိုဗျာ ကွန်ပျုတာပညာကို စိတ်ဝင်စားတဲ့ သူငယ်ချင်း အချင်းချင်း နောက်ချင်ပြောင်ချင်လို့ Virus သေးသေးလေးတွေရေးပြီး စချင်တယ်ဆိုရင်လေ၊ အဲ့လိုစနောက်တဲ့အခါ ဘယ်လိုဖြေရှင်ရမယ်ဆိုတာရယ်ကို ရေးပေးမလို့ပါ။ Virus ဆိုပေမယ့် သာမန် vbs တို့ bat တို့နဲ့ ရေးထားတဲ့ program သေးသေးလေးပါ။ အနှောက်အရှက်နဲနဲဖြစ်စေလို့ Virus သေးသေးလို့ပြောတာ။ ဒါပေသိ Antivirus တော်တော်များများက မသိတဲ့ format တွေဖြစ်ပါတယ်။ Cursor ချလိုက်တဲ့နေရာတိုင်းမှာ I Love You. ဆိုတဲ့ စာလေးတွေအများကြီးရေးပေးနေမယ့် program လေးကို ဒီလိုရေးပါတယ်။ Set wshShell = wscript.CreateObject("WScript.Shell") do wscript.sleep 100 wshshell.sendkeys "I Love You." loop အပေါ်က စာလေးတွေကို notepad ထဲမှာထည့်ပြီး ဖိုင် save တဲ့အခါ filename.vbs လို့ရေး save ပါ။ သူငယ်ချင်းရဲ့ မွေးနေ့မှာ စချင်ရင်တော့ I Love You. နေရာမှာ Happy Birthday လို့ပြောင်းရေးပေ့ါ။ အခု လာမယ့် Christmas မှာ စချင်နောက်ချင်ရင်တော့ Merry Christmas လို့ပြောင်းရေးပေးပေ့ါ။ ကိုယ်ကြိုက်ရာသာရေးပါ။ မြန်မာလိုသာမရတာ အင်္ဂလိပ်လိုတော့ ကြိုက်တာရေးပါ။ ပြီးရင် ကိုယ်ဘာနဲ့ကိုယ် run ကြည့်ဦးနော့။

sawsan vbs ဖြင့် Message Box တစ်ခုလုပ်နည်း

ဒီလိုဗျာ ကျနော်တို့ တစ်ယောက်ယောက်ကို ပြောချင်တဲ့ စကားလေးတွေကို Visual Basic Script နဲ့ notepad ထဲမှာရေးပြီး Message Box ပုံစံလေးနဲ့ Program ဖိုင်လေးတစ်ခု ဖန်တီးပြီး ပြောကြည့်ချင်ရင်လေ notepad ထဲမှာ ဒီလိုလေးရေးရမှာ.. msgbox "ဒီနေရာမှာ ကြိုက်ရာရေး" msgbox "ဒီနေရာမှာ ကြိုက်ရာရေး" msgbox "ဒီနေရာမှာ ကြိုက်ရာရေး" msgbox "ဒီနေရာမှာ ကြိုက်ရာရေး" msgbox "ဒီနေရာမှာ ကြိုက်ရာရေး" အဲ့လိုမျိုး စာကြောင်းလေးတွေ စိတ်ကြိုက်ရေးပြီးတော့ အဲ့ notepad ဖိုင်ကို ဒီလိုလေး save ရမှာ.. file name.vbs အဲ့လိုမျိုး file name နောက်မှာ .vbs လို့ထည့်ပြီး Encoding: မှာတော့ Unicode ကိုရွေှးပေးပြီး save လိုက်ရင်ရပါပီ။ message box မှာ မြန်မာလို့ရေးထားတာ ပေါ်ဖို့က ကွန်ပျုတာမှာ ဒီလိုလေးပြင်ထားရမှာ.. Desktop ပေါ်မှာ R-Click >> Properties >> Appearance tab မှ Advanced ကိုနှိပ်ပြီး ပုံမှာ ပြထားတဲ့အတိုင်း Item: မှာ Message Box ကိုရွေှးပြီး Font: မှာ Zawgyi-One ကိုရွေှးပေးပြီး Ok >> OK ကိုနှိပ်ပြီးရင် ရေးထားတဲ့ vbs program ဖိုင်လေးကို run ကြည့်လိုက်ရင် မြန်မာလို မ

sawsan Gmail Account Locked ကျသွားရင် ဖြေရှင်းနည်း

အခုတလော သူငယ်ချင်းတစ်ချို့မှာ gmail account locked ကျသွားလို့ဆိုပြီး ပြောတာကြားမိတယ်။ ဒါနဲ့ ထုံးစံအတိုင်း google ကိုပဲမေးလိုက်တော့ Google က အဲ့အတွက် service ပေးထားပါတယ်။ ဒီ Link ကိုသွားပါ။ https://www.google.com/accounts/DisplayUnlockCaptcha ဒီ link အတိုင်းသွားပြီးရင် အောက်ကပုံအတိုင်းတွေ့ရမယ်။ အခုပုံထဲကအတိုင်း Locked ကျသွားတဲ့ gmail account နဲ့ password ကိုဖြည့်ပြီး စကားလုံးလေးတွေ ပုံဖျတ်ထားတာကို မှန်အောင်ရိုက်ပြီး အောက်နားမှာ unlock ဆိုတာကို နှိပ်လိုက်ရင်ရပါတယ်။ lock ကျနေတာ အရမ်းကြာနေပီဆိုရင်တော့ ရဖို့ မသေချာပါဘူး။ မကြာသေးတဲ့ သူတွေကို ကျနော်လုပ်ပေးတာတော့ ရပါတယ်။ အဆင်ပြေပါစေ . . . အဆင်မပြေရင်လည်းပြောပါ source : www.sawsan23.com

sawsan CON ဖိုင်တည်ဆောက်ခြင်း၊ File name ဖျတ်ခြင်း၊ Folder & File ဖျောက်ခြင်း (Not Hidden Method)

တကယ်က ဒီ Blog ကို title ၃ ခုနဲ့ Blog တစ်ခုခြင်းဆီ ရေးပြီးတင်မလို့၊ ဒါပေသိ Blog တစ်ခုခြင်းဆီက လုပ်ဆောင်ပုံခြင်း တူညီတာရယ် အကြောင်းအရာက တိုတာရယ်ကြောင့် ၃ ခုပေါင်းလိုက်ရတာ။ ပထမ တစ်ခုအကြောင်းအရင်ပြောပြမယ် ... CON ဖိုင်တည်ဆောက်ခြင်း . . . ကွန်ပျုတာမှာ ဖိုင်တွေ၊ Folder တွေကို con ဆိုတဲ့ File name ပေးပြီး အလွယ်တည်ဆောက်လို့ မရဘူးဗျ၊ မယုံဘူးလား? ပေးကြည့်ပါဦး File name ကို con လို့ .. မရဘူးဟုတ်? ဒီလိုလုပ်မှ ရတယ် File rename မှာ con ကိုအရင်ရိုက်ပြီး Alt+0160 >> Enter ဆိုရင်တော့ con ဖိုင်တည်ဆောက်လို့ရပါပီ။ Alt+0160 အစား Alt+255 ရိုက်ရင်လည်း အတူတူပါပဲ။ File name ဖျတ်ခြင်း . . . ကွန်ပျုတာမှာ ဖိုင်တွေ၊ Folder တွေမှာ File name ကို ဖျတ်ပြီး ဘာမှ မပေးပဲ အလွယ်တည်ဆောက်လို့ မရဘူးဗျ၊ ဒီလိုလုပ်မှ ရတယ် အရင်ဆုံး File name ကို ကုန်အောင်ဖျတ်ပြီး Alt+0160 >> Enter ဆိုရင်တော့ File name ကို ဘာမှ မပေးပဲထားလို့ရပါပီဗျာ။ Alt+0160 အစား Alt+255 ရိုက်ရင်လည်း အတူတူပါပဲ။ ဆောနရေးလိုက်တဲ့ con ဖိုင်တည်ဆောက်တာနဲ့ လုပ်ဆောင်ချက်က တူနေတယ်ဟုတ်? အပေါ်မှာပြောခဲ့ပါတယ်။ ၃ ခုလုံးက လုပ်ဆောင်ရမယ့် ပုံစံတူပါတယ်လို့၊ နောက်ဆုံး