Skip to main content

Posts

Showing posts with the label life

sawsan Self Study ဆိုတာ ဘာလဲ

စိတ်ဝင်စားတဲ့တစ်ခုခုကို အမြဲ သိချင်တတ်ချင်စိတ်ရှိတဲ့လူတိုင်း Self Study နဲ့ မကင်းပါဘူး။ Self Study ဆိုတာ ကိုယ်သိချင်တတ်ချင်တဲ့အရာကို ကိုယ်တိုင်လေ့လာအားထုတ် ကိုယ်တိုင်သင်ယူခြင်း အစပိုင်းမှာ ပင်ပမ်းခက်ခဲပေမယ့် နေ့စဉ် တစ်ခုခုကို အမြဲရှာဖွေစူးစမ်းလေ့လာ စမ်းသပ်ပီး Self Study အားကောင်းအောင် Train သွားမယ်ဆိုရင် ၃နှစ် ၄နှစ်လောက်ဆို Self Study အားကောင်းလာပါပီ.. ၁၀စုနှစ်တစ်ခုလောက် Train လာခဲ့ရင်တော့ သိချင်တဲ့အရာတွေကို အခက်အခဲမရှိ ကောင်းကောင်းလေ့လာသင်ယူနိုင်ပါပီ။ Self Study က အဲ့လို နှစ်တွေအကြာကြီး Train ယူရတာလား? တကယ်တော့ ကျနော်တို့ မသေမခြင်း လေ့လာသင်ယူမှု့တွေက မပီးဆုံးတာမို့ Self Study ကလည်း မသေမခြင်းလုပ်နေရမယ့် ကိုယ်ရည်ကိုယ်သွေးတစ်ခုပါပဲ။ ကျယ်ပြန့်ခက်ခဲနက်နဲတဲ့ ပညာရပ်တွေကို သိချင်တတ်ချင်တဲ့အခါ အချိန်တိုအတွင်းမှ မြန်မြန်တတ်ဖို့ သင်တန်းတွေတတ်ကြတယ်၊ Self Study ကို သိပ်မလုပ်ကြဘူး တစ်ချို့က ရှောင်နေတယ် ပျင်းနေတယ် ရေသာခိုနေတယ် ကိုယ့်ပါကိုယ်လုပ်ဖို့ မှားမှာကြောက်နေတယ် အချိန်ပိုကုန်တယ်လို့ တွေးပလိုက်ကြတယ်။ သင်တန်းရဲ့ အားသာချက်က အချိန်တိုအတွင်းမြန်မြန်သိမယ်တတ်မယ် အမှားနည်းမယ် လူသက်သာတယ် မသိတာရှိရင် မေး

sawsan Your Choice is Your life

လူတစ်ယောက်မှာ ဘယ်လောက်ပဲ ထိန်းချုပ်ခံရမှု၊ အနှောက်အရှက်အခက်အခဲ အတားအဆီးတွေ ရှိနေပါစေ၊ နောက်ဆုံးပိတ် အခြေအနေတစ်ခုခုမှာ သူ့ကိုယ်ပိုင်ရွေှးချယ်ပိုင်ခွင့်ဆိုတာ ရှိပါတယ်။ အခက်အခဲ အတားအဆီး၊ ထိန်းချုပ်ခံရမှုတွေ သိပ်မရှိတဲ့ သာမန်လူတစ်ယောက်မှာလည်း ကိုယ့်ဘဝလမ်းကြောင်းကို ကိုယ်တိုင် ရွေှးချယ်မှု၊ ဦးတည်ချက်ဆိုတာမျိုးတွေ ရှိကြပါတယ်။ လူငယ်တစ်ယောက် အရွယ်ရောက်လာပြီဆိုရင် ကိုယ့်ဘဝလမ်းကြောင်းကို ကိုယ်တိုင်ရွေှးချယ်မှု၊ ရွေှးချယ်ထားတဲ့ လမ်းကြောင်းအတိုင်း ဦးတည်ချက်ချပြီး လျောက်လှမ်းမှုဆိုတာမျိုး ရှိတက်ကြပါတယ်။ တစ်ချို့လည်း ဘဝပေးအခြေအနေတစ်ခုခုကြောင့် သွားချင်တဲ့ လမ်းကြောင်းက တစ်ခု၊ လျောက်လှမ်းနေရတဲ့ လမ်းကြောင်းက တစ်ခုဆိုတာမျိုးတွေလည်း ရှိတက်ပါတယ်။

sawsan သူများဘဝကို ပုံတူကူးပြီး နေတဲ့သူဟာ ဘဝမရှိဘူး

သူများနဲ့မတူလို့ အခက်အခဲတွေ တော်တော်များခဲ့ပါတယ်။ ဒါပေမယ့် ကိုယ့်ဘဝကို ကိုယ့်စိတ်ကူးနဲ့ ပုံဖေါ်ပြီး နေရတာကို သိပ်ကျေနပ်ပါတယ်။ အဲဒီလိုနေရမှ ကိုယ့်စိတ်ဟာ အသက်ဝင်တယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်လိုချင်တဲ့ ပညာကို ရှာတတ်ရမယ်။ အဲဒီလိုမှ မရှာတက်သေးရင် ကိုယ့်မှာ ကိုယ်ပိုင်ဘဝဆိုတာ မရှိသေးဘူး။ သူများ ပြောပြမှ သိရမယ်။ သူများသင်ပေးမှ တတ်မယ် ဆိုရင် တကယ်သိတာ တကယ်တတ်တာ မဖြစ်နိုင်ဘူး။ မှတ်ထားတာပဲ ဖြစ်မယ်။ များများ မှတ်ထားတာ များများ မှတ်မိတာကို တတ်တယ်လို့ ထင်နေကြတယ်။ ကိုယ့်ကိုယ်ကို တကယ်ယုံကြည်တဲ့သူဟာ ကိုယ့်မေးခွန်းကို ကိုယ်မေးပြီးတော့ ကိုယ်အဖြေကိုကိုယ် ရှာတဲ့သူဖြစ်တယ်။ သူများ မေးခွန်းနဲ့ သူများဖြေကို ကျေကျေနပ်နပ် လက်မခံဘူး။ ဟုတ်တယ် မဟုတ်ဘူး။ မှန်တယ် မမှန်ဘူး ဆိုတာကို သေသေချာချာ စမ်းစစ်ဝေဖန်ပြီးမှ လက်ခံသင့်ရင် လက်ခံတယ်။