Skip to main content

Posts

sawsan Blog ထဲမှာ code တွေပေါ်ဖို့ရာ

ဧဒင်မှာ နည်းပညာနဲ့ ပါတ်သက်တဲ့ blog တွေ၊ software တွေ တင်ပေးကြ မျှဝေကြတာတွေ့ရတယ်။ ဒါပေမယ့် code တွေနဲ့ ပါတ်သက်လို့ မျှဝေပေးတာ မတွေ့မိသလိုပဲ။ ကျနော်က လွဲလို့ပေါ့ ;) ဧဒင်မှာ ကွန်ပျုတာ ကျောင်းသားတွေ၊ ကိုယ်ပိုင် domain ရှိသူတွေ၊ Subdomain, Social network တွေကို တည်ဆောက်အသုံးပြုနေသူတွေ ရှိမှာပဲ။ သူတို့တွေက HTML, Java, CSS, PHP, XML (ကျနော်ကြားဖူးတာလေးတွေ ပြောကြည့်တာ ;) ) စတဲ့ language တွေကို ရင်းနှီးပြီးသား ဖြစ်လိမ့်မယ်။ အဲ့ဒီ code တွေနဲ့ ပါတ်သတ်လို့ သူတို့ သိထားတာလေးတွေ၊ ရှာတွေ့ထားတာလေးတွေ၊ လက်ရှိ အသုံးပြုနေတဲ့ code လေးတွေ ရှိရင် ရှိမယ်။ အဲ့ code တွေကို မျှဝေပေးချင်တဲ့အခါ blog ထဲမှာ ပုံမှန်အတိုင်း ထည့်ပေးလို့ code တွေမပေါ်ဘူးဆိုရင် ပထမဆုံး ကိုယ်ပေးချင်တဲ့ code ကို Download (file size = 16kb) >> http://sawsan.googlecode.com/files/Code_Encoder.zip ဒါလေးကိုသုံးပီး encode လုပ်၊ encode လုပ်ပြီးလို့ ရလာတဲ့ code ကို ဒီလိုလုပ်.. <div class="code"> ဒီမှာ encode လုပ်ထားတဲ့ code ကိုထည့် </div>

sawsan click တစ်ချက်မှာ link ၂ ခုပွင့်ဖို့ရာ

ဒီလိုဗျာ.. ကျနော်တို့ webpage တွေထဲမှာ သိစေချင်တဲ့နေရာလေးတွေကို link လေးတွေလုပ်ပြီး ဖေါ်ပြပေးတယ်။ အဲ့ဒီ link ပေါ်နှိပ်လိုက်တာနဲ့ သိစေချင်တဲ့ နေရာ ရောက်စေချင်တဲ့ link ကို အလွယ်တကူရောက်သွားတယ်ပေါ့။ အဲ့ဒါကို ကျနော်တို့ ပုံမှန် link ပေးရင် ဒီလိုရေးတယ်.. <a href="www.sawsan23.com" target="_blank">www.sawsan23.com</a> အဲ့ code ကိုကြည့်ပြီး မနေ့က ကျနော် ဒီလိုစဉ်းစားမိတယ် click ၁ ချက်နှိပ်လိုက်လို့ link တစ်ခုကိုရောက်သွားတယ်။ ဟုတ်? click တစ်ချက်မှာ link ၂ ခုကော ပွင့်အောင်လုပ်လို့မရနိုင်ဘူးလား?? ကျနော် ဒီလိုလေး နဲနဲပြင်ရေးလိုက်တယ်။ <a href="www.sawsan23.com" target="_blank" onclick="window.open('www.edinooyin.com','newwin');">my two site</a> click တစ်ချက်မှာ မတူညီတဲ့ link ၂ ခုပွင့်စေဖို့ အဆင်ပြေသွားတယ်။

sawsan အလုပ် လုပ်မှသာ

Work is also a way of connecting with the larger world. အလုပ်ဟာ အပြင်လောကကြီးနဲ့ဆက်သွယ်ဖို့ နည်းလမ်းတစ်ခုဖြစ်တယ်။ အလုပ်လုပ်တဲ့သူရဲ့ လောကဟာကျယ်တယ်။ သူ့မှာ သိတဲ့သူ ခင်တဲ့သူ များတယ်။ လောကအကြောင်းကို သူပိုသိတယ်။ လူတွေအကြောင်းကို သူပိုသိတယ်၊ လောကဓံအမျိုးမျိုးနဲ့ အခက်အခဲ့အမျိုးမျိုးနဲ့ အမြဲတွေ့နေရလို့ အခက်အခဲကို သူမကြောက်ဘူး၊ သူ့အရည်အချင်းတွေဟာ အမြဲတိုးနေတယ်။ သူဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိတယ်။ အလုပ်မလုပ်တဲ့သူရဲ့ လောကစာ ကျဉ်းမြေင်းတယ်။ သူ့မှာ သိတဲ့သူ ခင်တဲ့သူနဲတယ်။ သူဟာ လူတွေအကြောင်းကို သိပ်မသိဘူး။ အခက်အခဲတွေကို ရင်ဆိုင်ရတာနဲလို့ သူဟာ အခက်အခဲကို ရင်ဆိုင်ရမှာ ကြောက်တက်တယ်၊ သူ့အရည်အချင်းတွေဟာ ထွက်မလာနိုင်ဘူး။ အလုပ်လုပ်ရင် ပင်ပန်းတယ်ဆိုတော့ အလုပ်မလုပ်ဘဲနေရင် ကောင်းသလား၊ မကောင်းဘူးနော်၊ တချို့လူတွေဟာ မိဘကလည်း ကျေွးထားနိုင်တော့ အလုပ်မလုပ်ဘဲနဲ့ နေတာတွေရှိတယ်နော်။ သူတို့နဲ့ ကျောင်းနေဖတ် အတူတူတွေ တချို့က အလုပ်ထဲရောက်သွားပြီ၊ လေး,ငါး,ဆယ်နှစ်လောက် အလုပ်လုပ်နေပြီ။ အလုပ်မလုပ်ဘဲ နေတဲ့လူနဲ့ အလုပ်လုပ်တဲ့သူ ပြောပုံဆိုပုံ၊ နေပုံ၊ ထိုင်ပုံ ကြည့်တဲ့အခါမှာ အလုပ်မလုပ်ဘဲနေတဲ့သူက မရင့်ကျက်တာကို တွေ့ရတယ်နော်။

sawsan IF ‘အကယ်၍’

If you can keep your head when all about you, Are losing theirs and blaming it on you, အကယ်၍ မင်းအသိုင်းအဝိုင်းက တုန်လှုပ်ခြောက်ခြားပြီး ဒါတွေဟာ မင်းကြောင့်လို့ ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ မင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်. . . . . . . .. . .။ If you can trust yourself when all men doubt you, But make allowance for their doubting too, အကယ်၍ အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့ မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်. . . . . . . . .။ If you can wait and not be tired by waiting, Or, being lied about, don’t deal in lies, Or being hated, don’t give way to hating, And yet don’t look too good, nor talk too wise, အကယ်၍ စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်… ဒါမှမဟုတ် မင်းရဲ့အကြောင်း မဟုတ်တရား မုသားစကား ကြားရတဲ့အခါ မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင်…. ဒါမှမဟုတ် မင်းကို လူတကာက ဝိုင်းဝန်းမုန်းတီးတဲ့အခါ မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်…. ပြီးတော့ မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ ပညာ

sawsan Tweak UI အသုံးဝင်ပုံ

ဒီ program က window xp မှာတော့မပါတက်ပါဘူး xp vista editing တွေမှာတော့ပါမယ်ထင်တယ်။ ကျနော်သုံးနေတဲ့ Window XP Dark Editing မှာပါတယ်။ Internet ထဲမှာလည်း ရှိပါတယ်။ အသုံးဝင်ပုံတွေထဲက အနည်းအကျင်းပဲဖေါ်ပြသွားပါမယ်။   အပေါ်က ပုံမှာ အနီနဲ့ပြထားတဲ့နေရာမှာ ကွန်ပျုတာမှာရှိတဲ့၊ ဖန်တီးထားတဲ့ shortcut တွေကို shortcut မှန်းမသိအောင် မြှားလေးတွေကို ဖြုတ်တာ ပြင်တာ လုပ်လို့ပါတယ်။ အဲ့မှာ None ကိုရွေးပြီး shortcut တွေကို သငေ်္ကတမြှားလေးတွေကို ဖြုတ်ထားလို့ရပါတယ်။ ...................... ။ .....................     အပေါ်ကပုံမှာတော့ ကွန်ပျုတာမှာ ဘယ်တုန်းက ဘာတွေကြည့်သွားတယ်ဆိုတာ ပြန်ကြည့်တဲ့ recent folder နဲ့ပါတ်သတ်လို့ပြုပြင်တဲ့နေရာပါ။ ဒီလိုပါ Start >> Run box မှာ recent လို့ရိုက်ပြီးကြည့်ရင် မကြာသေးခင်က ဖွင့်အသုံးပြုခဲ့တဲ့ file တွေ folder တွေကိုက ဘာတွေလည်းဆိုတာ ပြန်ကြည့်လို့ရပါတယ်။ အဲ့ဒါတွေကို မသိစေချင်တဲ့အခါ recent folder ထဲကိုဝင်ဖျတ်တက်ကြပါတယ်။ဲဲ့ဲ့့ ဒါပေသိ registry ထဲကို ဝင်မဖျတ်နိုင်သေးသ၍ သေချာမပျက်သေးပါဘူး။ format ရိုက်ပြီးသားတောင် Data တွေကို ပြန်ဖေါ်လို့ရတာဟုတ်?၊ အခု အပေါ်ကပုံမှာ အနီနဲ့ပြထားတဲ့နေရ