Skip to main content

Posts

Showing posts from September, 2010

sawsan လွတ်လပ်သူ၏ တာဝန်ယူတက်သော စိတ်ထား

လွတ်လပ်မှုဆိုတဲ့ စကားလုံးဟာ အဓိပ္ပါယ်တွေ အတော်တော်များတယ်။ ပညာရှင်တော်တော်များများ ကိုယ့်အမြင်နဲ့ ကိုယ် အဓိပ္ပါယ် ဖွင့်ဆိုကြတယ်။ လွတ်လပ်မှုရဲ့ အဓိပ္ပါယ်အမျိုးမျိုး သဘာဝအမျိုးအမျိုးကို စိတ်ဝင်စားပါတယ်။ လွတ်လပ်မှုဆိုတာ ကိုယ့်ဘဝကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အကောင်းဆုံးဖြစ်အောင်နေဖို့ ကိုယ်ယူရမယ့် တာန်ဝန်ကို ခေါ်တာတဲ့။ ဒီစကားအရ လွတ်လပ်မှုဆိုတာ တာဝန်လို့ အဓိပ္ပါယ်ရတယ်နော်။ ဘယ်လိုတာဝန်လဲ။ ကိုယ့်ဘဝကို ကိုယ်နည်းကိုယ့်ဟန်နဲ့ အကောင်းဆုံးဖြစ်အောင် နေရမယ့်တာဝန်။ ကိုယ့်နည်း ကိုယ့်ဟန်လည်း ဖြစ်ရမယ်။ အကောင်းဆုံးလည်း ဖြစ်ရအုံးမယ်။ အဲဒါ နည်းတဲ့တာဝန် မဟုတ်ဘူး။ ဘယ်လို ဘဝမျိုးကို နေချင်သလဲဆိုတာကို သိတဲ့သူ တော်တော်နည်းပါတယ်။ ငယ်ငယ်ကတည်းက အပြစ်မရှိတဲ့ ကိစ္စတွေမှာ လွတ်လွတ်လပ်လပ်လုပ်တက်တဲ့ အလေ့အကျင့် အခွင့်အရေးကို ရခဲ့တဲ့သူမှသာ ကြီးလာတဲ့အခါ ကိုယ်ဘယ်လိုဘဝမျိုးကို နေချင်တယ်ဆိုတာ သိနိုင်မယ်။ ငယ်ငယ်ကတည်းက ကိုယ့်စိတ်ကူးနဲ့ကိုယ် ကောင်းတာတွေကို လုပ်ခွင့်မရခဲ့ရင် ကိုယ်ဘယ်လို ဘဝမျိုးကို နေချင်တယ်ဆိုတာ မသိနိုင်တော့ဘူး။ " ဒီနေ့ တစ်နေ့တာလုံး ငါဘာလုပ်မယ်ဆိုတာကို သေသေချာချာ စဉ်းစားတဲ့အကျင့် မရှိတဲ့သူဟာ ကိုယ့်ဘဝကို ကိုယ်ဘယ

sawsan လွတ်လပ်တဲ့သူဟာ မယုံသင့်တာကို မယုံတော့ဘူး

ကိုယ့်ရဲ့ အသိဉာဏ်ကို နေရာတိုင်းမှာ သုံးပါ။ ကိစ္စတိုင်း ကိစ္စတိုင်းမှာ ထောင့်စေ့အောင်စဉ်းစားပါ။ ကောင်းကောင်းလေ့ကျင့်ပြုစုထားတဲ့ အသိဉာဏ်နဲ့နေသွားမှ လောကကြီးမှာ နေရတာ အဆင်ပြေမယ်၊ ကိုယ့်ဘဝ အခြေအနေကို အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်မယ်။ အသိဉာဏ်ကို ဖွံ့ဖြိုးအောင် ပြုစုမထားတဲ့ သူတွေဟာ မကြောက်သင့်တာတွေကို ကြောက်နေတယ်။ အားမကိုးသင့်တာကို အားကိုးကြတယ်။ ဗေဒင်ကိုအားကိုးတယ်။ နတ်ကို အားကိုးတယ်။ ဘိုးတော်တွေ မယ်တော်တွေကို အားကိုးတယ်။ ကိုယ့်ဘဝကို သူများလက်ထဲကို ထည့်လိုက်တယ်။ ဗေဒင်က ကြောက်အောင်ပြောရင် ကြောက်တယ်။ ဗေဒင်ဆရာက ခိုင်းတာကို လုပ်တယ်။ ဂြိုလ်တွေဟာ ကမ္ဘာမြေကြီးလိုပါပဲ၊ နေကို ဗဟိုရ်ပြုပြီးတော့ လှည့်သွားနေကြတယ်။ သူတို့က လူတစ်ယောက်ချင်းရဲ့ ဘဝကို ဘယ်လိုမှ ကောင်းအောင်ဆိုးအောင်မလုပ်နိုင်ပါဘူး။ နက္ခတ်ဆိုတာက အလင်းနှစ်ပေါင်း သန်းနဲ့ချီပြီးဝေးပါတယ်။ အဝေးမှာရှိတဲ့ ကြယ်တွေကို ကိုယ့်နေရာကနေ ကြည့်ပြီးတော့ ကိုယ်ဖေါ်ချင်တဲ့ပုံကို ဖေါ်ပြီး စိတ်ကူးယဉ်အဓိပ္ပါယ်တွေ ကောက်ကြတယ်။ အလင်းနှစ်ပေါင်း သန်းနဲ့ချီပြီးဝေးတဲ့ ကြယ်တစ်လုံးက ဒီကမ္ဘာမှာရှိတဲ့ လူတစ်ယောက်ရဲ့ဘဝကို ကောင်းအောင်ဆိုးအောင် လုပ်နိုင်သလား။ ဒါကို ယုံတယ်ဆိုရင်တေ

sawsan အနိုင်လည်းမယူ အရှုံးလည်းမပေး

အချို့လူတွေကျတော့လည်း သူတို့ရဲ့ စိတ်ထဲမှာ လုံခြုံမှုမရှိတာကြောင့် အနိုင်ရမှ ကြိုက်တယ်၊ အနိုင်ရနေမှ နေသာထိုင်သာရှိတယ်၊ အဲ့ဒါကြောင့် ရောက်လေရာမှာ တွေ့ရာလူကို အနိုင်ယူဖို့ပဲကြိုးစားတယ်၊ ဒါကြောင့် ရောက်လေရာမှာ တွေ့ရာလူကို အနိုင်ယူဖို့ပဲ ကြိုးစားတယ်၊ ဒါကြောင့် ရောက်လေရာမှာ ပြဿနာဖြစ်အောင်လုပ်တက်တယ်။ အဲဒီလိုလူဟာ သူများကို အထက်စီးကနေပြောရမှ ဆက်ဆံရမှ သူ့ကိုယ်သူ သိပ်ဟုတ်တယ်လို့ ထင်တယ်။ အမှန်တော့ သူဟာ 'င့ါကို လူတွေ အထင်မကြီးဘူး' လို့ ကျိတ်ပြီးတော့ တွေးနေတတ်တယ်။ ဒါကြောင့် ကိုယ့်ကို သူများတွေ ကြောက်တာကိုလိုချင်တယ်။ လူတိုင်းကို နိုင်ရမှ ကျေနပ်တယ်။ ပြဿနာတစ်ခု ကြုံလာရင် သူကပဲ အနိုင်ရမှ။ သဘောထား အယူအဆ မတူတာတွေ့ရင် သူ့အယူအဆကို မှားမှားမှန်မှန် ခေါင်းညိတ်မှ ကြိုက်တယ်။ သူဟာလူလူချင်း ဆက်ဆံရေးအားလုံးကို လွှမ်းမိုးမှု ချုပ်ကိုင်မှုအနေနဲ့ပဲ မြင်တော့တယ်။ ဒါပေမဲ့ ရေရှည်မှာ လူတွေအပေါ် ရန်လိုမုန်းထားတဲ့ စိတ်ရှိပြီး ပြဿနာဖြစ်တိုင်း သူကချည်းပဲ အနိုင်ရချင်နေလို့ ဖြစ်တဲ့နည်းနဲ့ အနိုင်ယူတဲ့လူဟာ ဆက်ဆံရေး အဆင်မပြေဘူး။ သူ့ကို လူတွေက ရှောင်လိမ့်မယ်။ သူ့အနားမှာနေတဲ့ လူတွေကလည်း သူပြောသမျှ ခေါင်းညိတ်တဲ့သူတွေဖြစ်နေလိမ

sawsan ညှိနှိုင်းပြီး နေသွားရမှာ

လောကကြီးက ကိုယ့်စိတ်တိုင်းကျ ဖန်တီးထားပြီး ကိုယ့်အလာကို စောင့်မျှော်ကြိုဆိုနေတာမှ မဟုတ်တာ၊ သူ့ဟာ သူဖြစ်ချင်သလို ဖြစ်နေတဲ့ လောကကြီး။ ဒီလောကကြီးထဲမှာ ကိုယ်ကမွေးဖွားလာတာ၊ ဒါကို နားလည်ပြီး adapt လုပ်ပြီး၊ ညှိနှိုင်းပြီး နေသွားရမှာ။ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို ပိုပြီး ကောင်းလာအောင်တက်နိုင်သလောက် ပြုပြင်ဖို့တော့ လိုပါတယ်။ စိတ်နေသဘောထား ကောင်းတဲ့သူတွေ၊ သတိနဲ့ နေတက်တဲ့ သူတွေ၊ ချင့်ချိန်နိုင်တဲ့ သူတွေ၊ စည်းကမ်းရှိတဲ့သူတွေ ပိုပြီး များလာအောင် ကူညီရမယ်။ အလုပ်အကိုင်နဲ့ ပက်သက်ပြီးတော့ တွေ့ရတဲ့အခက်အခဲတွေကို ဖြေရှင်းနိုင်အောင် စနစ်တကျ သင်ကြားလေ့လာထားဖို့ လိုအပ်သလို၊ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ တွေ့ရတဲ့ အခက်အခဲတွေကို အကောင်းဆုံးနည်းနဲ့ ဖြေရှင်းနိုင်အောင် စနစ်တကျသင်ကြားလေ့လာထားဖို့ လိုအပ်ပါတယ်။ နေစဉ် ကြုံတွေ့နေရတဲ့ အတွေ့အကြုံတွေ၊ နေ့စဉ်ကိုယ်ရဲ့ စဉ်းစားပုံ၊ တွေးခေါ်ပုံ၊ သဘောထားတွေ၊ နေ့စဉ် ပြောပုံဆိုပုံ လုပ်ပုံ ကိုင်ပုံတွေ၊ နေ့စဉ်လူတွေနဲ့ ဆက်ဆံပုံတွေက ကိုယ့်ကို "ဘယ်လိုလူ" ဆိုတာကို ပုံဖေါ်ပေးနေတယ်။ နေ့တိုင်း စိတ်ဆိုးနေ၊ စိတ်တိုနေရင် ကြမ်းတမ်းတဲ့ သူဖြစ်လာတယ်။ ဒေါသဖြစ်တာနည်းလာရင် ကိုယ်လည်း

sawsan ကိုယ်ပိုင်နေရာတစ်ခုရဲ့ Search Engine ဆိုတာ

ဒီလိုဗျာ ကျနော်တို့ပိုင်ဆိုင်တဲ့ webpage တစ်ခု site တစ်ခု ရှိမယ်ဟုတ်? အဲ့မှာ ကိုယ်ရေးထားတဲ့ စာတွေ၊ ကိုယ်တင်ထားတဲ့ blog တွေရှိမှာပေါ့။ အဲ့ဒီ ကိုယ်နေရာ၊ site လေး တစ်ခုအတွက် သီးသန့် search engine တစ်ခု လုပ်ကြည့်ချင်ရင်လေ.. http://www.google.com/cse/manage/create အပေါ်က link ကိုသွားလိုက်ရင် ဖြည့်ရမယ့် box လေး ၃ ခုရှိမယ်။ ၃ ခုလုံးမှာ ကိုယ့် site နေရာရဲ့ address ကိုသာထည့်ပေးလိုက် ဒါက ကျနော်အပျင်းကျပြီးပြောတာပါ။ ကိုယ့် site , ကိုယ့် page နေရာရဲ့ address ကို Sites to search: နေရာမှာပဲ သေချာထည့်ရမှာပါ။ ပြီးရင်... Terms of Service. ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေးထည့်ပြီး Next ကိုနှိပ်ပါ။ အခုရောက်သွားတဲ့နေရာမှာ ကြိုက်တဲ့ search engine အရောင်ရွေှး ပြီးရင် Next ..

sawsan Webpage တွေကနေ ကြိုဆိုနည်း၊ နှုတ်ဆတ်နည်းပါ

ဒီလိုဗျာ ဟိုတစ်ခါ ကျနော် webpage တွေကနေ ကြိုဆိုတဲ့ message box လေးထားခဲ့တဲ့နည်းကို www.edinooyin.com/profiles/blogs/message-box ရေးခဲ့ဖူးတယ်။ အဲ့ဒါက webpage ဖွင့်ဖွင့်ခြင်းမှာ လာလည်တဲ့သူကို နှုတ်ခွန်းဆက်ကြိုဆိုတဲ့ စာလေးရေးပြီးထားတာ။ အခုရေးမှာက webpage ကနေ နှုတ်ဆက်နည်း ဒီလိုပါ ဟိုတစ်ခါရေးတဲ့ blog က webpage ကိုဖွင့်လိုက်တဲ့အခါမှာ message box လေးကျလာပြီး ကြိုဆိုတဲ့စကားဆိုမယ်ပေါ့။ အခုက webpage ကိုပိတ်လိုက်တဲ့အခါ နှုတ်ဆက်စကားဆိုဖို့ပါ။