Skip to main content

Posts

sawsan စူဠသောတာပန်ဖြစ်နိုင်သူများ

လူတို့အား ဟိတ်အရ ပုဂ္ဂိုလ်သုံးမျိုးခွဲထား ပါသည်။  ၁။ သုဂတိအဟိတ်ပုဂ္ဂိုလ်  ၂။ ဒွိဟိတ်ပုဂ္ဂိုလ်  ၃။ တိဟိတ်ပုဂ္ဂိုလ်တို့ဖြစ်သည်။  ပဋိသန္ဓေနေစဉ်ကတည်းက ကျိုးကန်းဆွံ့အ နား မကြား ထုံထိုင်း လူစဉ်မမီဖြစ်ပြီး မွေးလာသောသူ ကို သုဂတိအဟိတ်ပုဂ္ဂိုလ်ဟု ဆိုပါသည်။  ခြေလက်အင်္ဂါမချို့ယွင်းသော်လည်း ဉာဏ်ပညာ နည်းသောသူမျိုးကို ဒွိဟိတ်ပုဂ္ဂိုလ်ဟုဆိုပါသည်။ တိဟိတ်ပုဂ္ဂိုလ်ကား ဉာဏ်ပညာ ထက်မြက်သော ပုဂ္ဂိုလ်ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်သုံးမျိုးအနက် စူဠသောတာပန်အဆင့်ကို သုဂတိအဟိတ်ပုဂ္ဂိုလ်မရနိုင်ပေ။ ဒွိဟိတ်နှင့်တိဟိတ် ပုဂ္ဂိုလ်နှစ်မျိုးရနိုင်ပါသည်။ သို့ကြောင့် ယေဘုယျသဘောအားဖြင့် မွေးရာပါ ဆွိ့ အ နားမကြား ထုံ ထိုင်း ကျိုးကန်း လူစဉ်မမီ သူများမှတစ်ပါး မည်သူမဆို အားထုတ်လျှင် စူဠသောတာပန်ဖြစ်နိုင်ပါသည်။ ရုပ်နာမ်ကို အကြောင်းနှင့်တကွ သိရာ၌ စာသိ သုတသိမျှဖြင့် စူဠသောတာပန်မဖြစ်နိုင်ပါ။  နာမရှုပ ပရိစ္ဆေဒဉာဏ်ဟူသော ရုပ်နာမ်ကို ပိုင်းခြားသိမြင်ခြင်း ပစ္စယ ပရိဂ္ဂဟဉာဏ်ဟူ သော ရုပ်နာမ်၏ ဖြစ်ခြင်းအကြောင်းကိုသိမြင် ခြင်းဟူသော ဉာဏ်စဉ်နှစ်ဆင့်ရအောင် ကျင့် ကြံပွားများ အားထုတ်ရပါသည်။ ထို့ကြောင့် စူဠသောတာပန်သည် သုတသိ၊ အကျင့်သိနှစ်မျိုးပေါင်းဟု ဆို

sawsan လူ့စိတ်

လူ့သဘာဝ စိတ်ရဲ့သဘောက သတိမထားပဲ လွတ်ပေးထားရင် ကြုံရာအာရုံတစ်ခုခုအပေါ်မှာမျောပါသွားတတ်သလို ခံစားလို့ရတဲ့အာရုံမှန်သမျှ ကိုယ်သန်ရာသန်ရာ ခံစားတတ်တဲ့သဘော ခံစားချင်တဲ့သဘောလေးတွေရှိတယ်။ ပျော်စရာ စိတ်ချမ်းသာစရာတွေကို ခံစားတတ်သလို ဝမ်းနည်းစရာ ကြောက်စရာ စိတ်တိုစရာ စိတ်ညစ်စရာတွေကိုလည်း တွေးပီး ခံစားနေတတ်သေးတယ်။  ကိုယ့်စိတ်အာရုံ ဘယ်အပေါ်မှာ ကျက်စားနေသလဲဆိုတာ သတိမထားမိတဲ့အခိုက်မှာ ပေါ်ရာအာရုံတစ်ခုခုနောက်ကိုလိုက်သွားတတ်တယ် တစ်ခါတစ်လေမှာလည်း အတွေးအာရုံတွေကို ကိုယ့်ဘာသာစိတ်ကူးပုံဖော် ဖန်တီးပီး လွှင့်မျောနေတတ်တယ်။  စိတ်ကို သတိမထားပဲ ပေါ်ရာအာရုံနောက်လိုက်ပီး လွတ်ပေးထားရင် စိတ်ပင်ပမ်းပီး စိတ်ညစ် စိတ်ဓတ်ကျလာတတ်တယ် အချိန်ကုန် အချည်းအနှီးဖြစ်တတ်တယ်၊ ကိုယ့်စိတ်ကို သတိထားပီးစောင့်ကြည့်နေရင် အဆင်မပြေတာ အခက်အခဲတွေ စိတ်ညစ်စရာတွေ ရှိရင်တောင် စိတ်ကိုငြိမ်းချမ်းသက်သာစေပီး ဖြေရှင်းနိုင်မယ့် လမ်းစ စိတ်ခွင့်အားတွေ ရစေတယ်။

sawsan Blog ပြန်ရေးမယ်

Blog မရေးဖြစ်တာ အတော်ကြာသွားပီ။ Blog ပြန်ရေးမယ်တွေးတော့.. ကိုယ့်ရဲ့နေ့စဉ်မှတ်တမ်းပုံစံပဲရေးရမလား အရင်လို Sharing လုပ်ဖို့ရေးမလားစဉ်းစားတော့ ၂ခုလုံးရေးချင်တယ်။ ဒါပေသိ ကိုယ်တိုင်လည်း Facebook မှာပဲစာရေး Facebook မှာပဲစာဖတ်လုပ်နေတော့ Blog မှာစာဖတ်တဲ့သူကနည်းသွားပီ ဒါနဲ့ blog ကို Facebook ပုံစံလုပ်ကြည့်ရင်ကော Facebook လောက် Data မရှိဘူး Data Entry က Facebook ကိုမယှဉ်နိုင်ဘူး၊ ဒါဆို Facebook ပုံစံ Functions and Design ကော အင်း.. ဖြစ်အောင်လုပ်ရင် ဖြစ်နိုင်တာပဲ try ကြည့်မယ်။  တကယ်တမ်းတော့ Website တစ်ခုရဲ့အသက်က Data Entry ပါပဲ Data Entry post တွေက အများအတွက်အကျိူးရှိမယ်ဆိုရင် Website က သာမန်ပဲလုပ်ထားတောင် လာဖတ်ရင်း ရှာဖတ်ရင်းတွေ့တာနဲ့ မှတ်ထားပီ တကူးတကတောင် post တွေစောင့်ဖတ်ခဲ့တာတွေ ရှိခဲ့သေးတာပဲ၊ ဘာပဲဖြစ်ဖြစ် စာရေးပီး မှတ်တမ်းရေးလေးချန်ခဲ့တော့ တစ်ချိန်မှာပြန်ဖတ်ရင် ရီရတာပေါ့ 😅  အခုတောင် အရင်က Post အဟောင်းတွေပြန်ဖတ်ရင်း ရီနေမိသေးတာ ပေါက်တတ်ကရတွေ ရေးခဲ့တာတွေပါနေလို့ 😂 ကိုယ့်ဘာကို စိတ်ထွက်ပေါက်အနေနဲ့ ရေးချင်တဲ့စာလေးတွေ လာရေးမယ် Sharing လုပ်မယ် ရေးရမှာ ပျင်းတဲ့အခါ ဒါမှမဟုတ် သဘောကျတဲ့စာလေးတွေ တွေ

sawsan Domain Change

Free subdomain လေးတွေ Free Domain Dot.tk, co.nr တို့လို အများကြီးဗျာ သုံးခဲ့တာ.. ဟိုတုန်းက ပထမဆုံးဝယ်သုံးဖြစ်တဲ့ domain က sawsan23.com ၂၀၀၉ လောက်ဖြစ်မယ်။ အဲ့နောက် sawsanblog.com ၂၀၁၃ လောက်မှာ Change ဖြစ်တယ်။ အခု မနေ့ညကပဲ .us Domain ကိုဝယ်လိုက်တယ် Hosting က အရင် aws ကနေဝယ်သုံးနေတာ aws နဲ့က နည်းနည်း Cause လေးနည်းနည်းရှိလို့လောလောဆယ် Github မှာပဲ Hosting ကို ခဏအလွယ်ထားလိုက်တယ်။ ပထမဝယ်တဲ့ domain က Godaddy ကနေဝယ်တာ၊ ခု namecheap က  ဈေးချိုတာနဲ့ namecheap မှာ ဝယ်ဖြစ်သွားတယ်။ Domain က .com မဟုတ်တော့ပဲ .us ဆိုတော့ တစ်မျိုးကြီးဖြစ်သွားတယ်။ united states ကို ကိုယ်စားပြုတဲ့ Domain ဖြစ်သွားတယ်၊ .com , .net , .org တို့လို Global သုံးမဟုတ်တော့ဘူး။ ကြိုက်တာတော့ Domain ကို sawsan.me လိုချင်တာ မရတာနဲ့ us ပဲ ယူလိုက်တာ ဈေးချိုတာလည်းပါတာပေါ့ :P ဘာပဲဖြစ်ဖြစ် Domain Name လေးက ကိုယ်နာမည်အရင်းအတိုင်း အပိုမပါပဲ မှတ်ရလွယ်သွားတာပေါ့။  မနေ့က Domain ဝယ်ပီး Hosting နဲ့ချိတ်ပီး ထုံးစံအတိုင်း Web Optimization ပိုင်းလုပ်ပီး https ssl secure ဖြစ်အောင်လုပ်ပီး အိပ်ချင်တာနဲ့ အိပ်ပျော်သွားတယ် dns Change တာကို မစောင့်လိုက

sawsan Huawei with Google Application

Huawei ဖုန်းတွေမှာ google application တွေဖြစ်တဲ့Gmail , Gtalk, PlayStore ကိုသုံးဖို့ မခက်ပါဘူး.. ဖုန်းမှာ Root Accept ရှိမယ်။ RootExplorer ရှိတယ်။ android version သိတယ်ဆိုရင် system ထဲထည့်ပီး orginal ပါသလိုပါ လုပ်လို့ ရပါတယ်။ လိုအပ်တဲ့ Gmail Gtalk PlayStore apk ၃ ခုနဲ့ သူတို့နဲ့တွဲဆက်အလုပ်လုပ်မယ့် apk ၃ ခု အားလုံး apk ၆ခုလိုပါမယ်.. ကျနော် အခုပြောမှာက android version 4.1.1 တွေအတွက်ပြောပြသွားမှာပါ။ ကျန် version တွေအတွက်လည်း မခက်ပါဘူး www.goo.im/gapps မှာ ကိုယ့် version နဲ့ ကိုက်တာကိုdownload လုပ်ပီး install လုပ်လည်းရပါတယ်။ အခု android 4.1.1 တွေအတွက် လိုအပ်တဲ့ apk ၆ ခုကို ဒေါင်းပါ။ 1. https://sawsan-android.googlecode.com/files/Gmail_4.1.1.apk (Gmail.apk) လို့ပြင်ပေးပါဦး 2. https://sawsan-android.googlecode.com/files/Gtalk.4.1.1-438695.apk (Gtalk.apk) လို့ ပြင်ပေးပါဦး 3. http://sawsan.googlecode.com/files/GooglePlayStore.apk 4. http://sawsan.googlecode.com/files/GooglePlayService.apk 5. https://sawsan.googlecode.com/files/GoogleLoginService.apk 6. https://sawsan.googlecode.com/files/Goo