Skip to main content

Posts

sawsan တစ်ခါတုန်းက..

ကိုယ့်စိတ်ကိုထိန်းမနိုင်သေးတဲ့အခါ ပေါက်ဆိန်ကို မြစ်ထဲအကြိမ်ကြိမ်ပစ်နေတဲ့လူလိုပဲပေါ့.. တစ်နေ့တော့.. အသိနဲ့အကျင့် တစ်ထပ်ထည်းကျလောက်ရဲ့... ဟိုတုန်းကတော့ အသိပညာကို စုဆောင်းဖို့ စာအုပ်တွေများကြီးဖတ်ပီး ခေါင်းထဲမှာ Data တွေစုဆောင်းရတာ ဝါသနာတစ်ခုလိုတောင် ဖြစ်ခဲ့တယ်..  စာတွေဖတ် အသိပညာတွေစုဆောင်းပီး ကိုယ်တိုင်သိတဲ့အတိုင်း မကျင့်ကြံတဲ့အခါ လူတွေကြားမှာ စကားပြောကောင်းသူ နှံစပ်အောင်လေ့လာသူသာ ဖြစ်လာတယ်။ ငယ်ငယ်က အဖေ့စာအုပ်သေတ္တာထဲက ပီမိုးနှင်းစာအုပ်တွေများကြီးဖတ်ပီး စာအုပ်ထဲက တန်ဖိုးရှိတဲ့အသိပညာတွေအကြောင်းသူငယ်ချင်းကိုပြန်​ပြောဖြစ်တဲ့အခါ သူငယ်ချင်းပြောတာလေး အမှတ်ရမိတယ်... ငါက စာဖတ်ပျင်းတယ် မင်းလောက်စာမဖတ်ဘူး ဒါပေသိ မင်းဖတ်တဲ့စာအုပ်တွေထဲက ပီမိုးနင်းစာအုပ်ထဲက အချိန်ရယ် ငွေရယ် စည်းကမ်းရှိဖို့ရယ် ဒီ ၃ခုအကြောင်းပဲဖတ်ပီး ဒီ ၃ခုကိုပဲ တကယ်လိုက်နာကျင့်သုံးရင်ကို ဘဝမှာတော်တော်အဆင်ပြေပီ ထပ်မဖတ်တော့ဘူးတဲ့ တကယ်တော့ သိဖို့လိုအပ်သလို သိသလောက်ကျင့်နိုင်ဖို့ ပိုအရေးကြီးတာ ဆိုပီးပြောတာကို အမှတ်ရနေတယ်။ အသိနဲ့အကျင့် တစ်ထပ်ထည်းကြဖို့ သတိအမြဲထားဖို့လိုတယ် ကိုယ်စိတ်ကို အလိုမလိုက်ဖို့လိုတယ် စိတ်ကိုလွတ်မပစ်ဖို့လိုတယ်။ မြတ်စ

sawsan လူ့သဘာဝ

ဘဝဟာ ကိုယ့်စိတ်တိုင်းကျ ကိုယ်လုပ်ခွင့်ရနေတယ်လို့ထင်နေတာဖြစ်ဖြစ် သူများရဲ့ခြယ်လှယ်မှုအောက်မှာ အလုံးစုံကျရောက်နေတယ်လို့ထင်နေတာဖြစ်ဖြစ် အစွန်းရောက်တဲ့အတွေးတွေပါဘဲ။ ငါးတစ်ကောင်ဟာ ဘယ်တီကောင်ကို ဖြစ်ဖြစ် ရွေးခြယ်စားလို့ရတယ်။ ဒါပေမဲ့ ငါးမြားချိတ်ပါတဲ့ တီကောင်ကို စားမိတာဟာ ရွေးခြယ်မှုမှားယွင်းတာ သက်သက်မဟုတ်ဘူး။ သတ္တဝါမှန်သမျှဟာ အစာစားရမယ်။ နားရမယ်။ မျိုးဆက်သစ်တွေမွေးထုတ်ရမယ်။ ကိုယ့်ရဲ့ မိသားစုကိုကာကွယ်ရမယ်။ ကျူးကျော်လာသူကို တွန်းလှန်ရမယ်။ ဗီဇက သတ္တဝါတိုင်းဆီမှာ စေ့ဆော်တွန်းအားပေးနေတဲ့ သဘာဝတရားဖြစ်တယ်။  မွေးခါစ ဖြူစင်တဲ့ကလေးလေးမှာတောင် လောဘ၊ ဒေါသ၊ မောဟ တွေကပါလာပြီးသားပါဘဲ။ ဘဝအစမှာကထဲက ဒုက္ခနဲ့ သုခဟာ ယှဉ်တွဲပြီးသားဖြစ်ပါတယ်။ ဘယ်လောက်ချမ်းသာတဲ့သူဖြစ်ဖြစ် ဒုက္ခမကင်းနိုင်သလို ဘယ်လောက်ဆင်းရဲတဲ့သူဖြစ်ဖြစ် သုခနဲ့မကင်းပါဘူး။ တကယ်တမ်း လူတွေဟာ ငါးတွေထက်အများကြီးပိုညဏ်မကောင်းပါဘူး။  ငါးမြှားချိတ်မှာ မိနေတဲ့ လူတွေမှ အပုံကြီးပါဘဲ။ ရယူလိုစိတ်နောက်မှာ ရုန်းထွက်မရတဲ့ ချိတ်နဲ့ငြိနေကြတာပါဘဲ။ ငါဘာဖြစ်ချင်တယ် ဘာဖြစ်ရမယ် ဆိုတာတွေက တကယ်တော့ ကိုယ့်ကိုယ်ကိုယ်ချည်တဲ့ကြိုးတွေပါဘဲ။ လူဆိုတာ တခြားသတ္တဝါတွေထက်ညဏ်ကောင်

sawsan စူဠသောတာပန်ဖြစ်နိုင်သူများ

လူတို့အား ဟိတ်အရ ပုဂ္ဂိုလ်သုံးမျိုးခွဲထား ပါသည်။  ၁။ သုဂတိအဟိတ်ပုဂ္ဂိုလ်  ၂။ ဒွိဟိတ်ပုဂ္ဂိုလ်  ၃။ တိဟိတ်ပုဂ္ဂိုလ်တို့ဖြစ်သည်။  ပဋိသန္ဓေနေစဉ်ကတည်းက ကျိုးကန်းဆွံ့အ နား မကြား ထုံထိုင်း လူစဉ်မမီဖြစ်ပြီး မွေးလာသောသူ ကို သုဂတိအဟိတ်ပုဂ္ဂိုလ်ဟု ဆိုပါသည်။  ခြေလက်အင်္ဂါမချို့ယွင်းသော်လည်း ဉာဏ်ပညာ နည်းသောသူမျိုးကို ဒွိဟိတ်ပုဂ္ဂိုလ်ဟုဆိုပါသည်။ တိဟိတ်ပုဂ္ဂိုလ်ကား ဉာဏ်ပညာ ထက်မြက်သော ပုဂ္ဂိုလ်ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်သုံးမျိုးအနက် စူဠသောတာပန်အဆင့်ကို သုဂတိအဟိတ်ပုဂ္ဂိုလ်မရနိုင်ပေ။ ဒွိဟိတ်နှင့်တိဟိတ် ပုဂ္ဂိုလ်နှစ်မျိုးရနိုင်ပါသည်။ သို့ကြောင့် ယေဘုယျသဘောအားဖြင့် မွေးရာပါ ဆွိ့ အ နားမကြား ထုံ ထိုင်း ကျိုးကန်း လူစဉ်မမီ သူများမှတစ်ပါး မည်သူမဆို အားထုတ်လျှင် စူဠသောတာပန်ဖြစ်နိုင်ပါသည်။ ရုပ်နာမ်ကို အကြောင်းနှင့်တကွ သိရာ၌ စာသိ သုတသိမျှဖြင့် စူဠသောတာပန်မဖြစ်နိုင်ပါ။  နာမရှုပ ပရိစ္ဆေဒဉာဏ်ဟူသော ရုပ်နာမ်ကို ပိုင်းခြားသိမြင်ခြင်း ပစ္စယ ပရိဂ္ဂဟဉာဏ်ဟူ သော ရုပ်နာမ်၏ ဖြစ်ခြင်းအကြောင်းကိုသိမြင် ခြင်းဟူသော ဉာဏ်စဉ်နှစ်ဆင့်ရအောင် ကျင့် ကြံပွားများ အားထုတ်ရပါသည်။ ထို့ကြောင့် စူဠသောတာပန်သည် သုတသိ၊ အကျင့်သိနှစ်မျိုးပေါင်းဟု ဆို

sawsan လူ့စိတ်

လူ့သဘာဝ စိတ်ရဲ့သဘောက သတိမထားပဲ လွတ်ပေးထားရင် ကြုံရာအာရုံတစ်ခုခုအပေါ်မှာမျောပါသွားတတ်သလို ခံစားလို့ရတဲ့အာရုံမှန်သမျှ ကိုယ်သန်ရာသန်ရာ ခံစားတတ်တဲ့သဘော ခံစားချင်တဲ့သဘောလေးတွေရှိတယ်။ ပျော်စရာ စိတ်ချမ်းသာစရာတွေကို ခံစားတတ်သလို ဝမ်းနည်းစရာ ကြောက်စရာ စိတ်တိုစရာ စိတ်ညစ်စရာတွေကိုလည်း တွေးပီး ခံစားနေတတ်သေးတယ်။  ကိုယ့်စိတ်အာရုံ ဘယ်အပေါ်မှာ ကျက်စားနေသလဲဆိုတာ သတိမထားမိတဲ့အခိုက်မှာ ပေါ်ရာအာရုံတစ်ခုခုနောက်ကိုလိုက်သွားတတ်တယ် တစ်ခါတစ်လေမှာလည်း အတွေးအာရုံတွေကို ကိုယ့်ဘာသာစိတ်ကူးပုံဖော် ဖန်တီးပီး လွှင့်မျောနေတတ်တယ်။  စိတ်ကို သတိမထားပဲ ပေါ်ရာအာရုံနောက်လိုက်ပီး လွတ်ပေးထားရင် စိတ်ပင်ပမ်းပီး စိတ်ညစ် စိတ်ဓတ်ကျလာတတ်တယ် အချိန်ကုန် အချည်းအနှီးဖြစ်တတ်တယ်၊ ကိုယ့်စိတ်ကို သတိထားပီးစောင့်ကြည့်နေရင် အဆင်မပြေတာ အခက်အခဲတွေ စိတ်ညစ်စရာတွေ ရှိရင်တောင် စိတ်ကိုငြိမ်းချမ်းသက်သာစေပီး ဖြေရှင်းနိုင်မယ့် လမ်းစ စိတ်ခွင့်အားတွေ ရစေတယ်။

sawsan Blog ပြန်ရေးမယ်

Blog မရေးဖြစ်တာ အတော်ကြာသွားပီ။ Blog ပြန်ရေးမယ်တွေးတော့.. ကိုယ့်ရဲ့နေ့စဉ်မှတ်တမ်းပုံစံပဲရေးရမလား အရင်လို Sharing လုပ်ဖို့ရေးမလားစဉ်းစားတော့ ၂ခုလုံးရေးချင်တယ်။ ဒါပေသိ ကိုယ်တိုင်လည်း Facebook မှာပဲစာရေး Facebook မှာပဲစာဖတ်လုပ်နေတော့ Blog မှာစာဖတ်တဲ့သူကနည်းသွားပီ ဒါနဲ့ blog ကို Facebook ပုံစံလုပ်ကြည့်ရင်ကော Facebook လောက် Data မရှိဘူး Data Entry က Facebook ကိုမယှဉ်နိုင်ဘူး၊ ဒါဆို Facebook ပုံစံ Functions and Design ကော အင်း.. ဖြစ်အောင်လုပ်ရင် ဖြစ်နိုင်တာပဲ try ကြည့်မယ်။  တကယ်တမ်းတော့ Website တစ်ခုရဲ့အသက်က Data Entry ပါပဲ Data Entry post တွေက အများအတွက်အကျိူးရှိမယ်ဆိုရင် Website က သာမန်ပဲလုပ်ထားတောင် လာဖတ်ရင်း ရှာဖတ်ရင်းတွေ့တာနဲ့ မှတ်ထားပီ တကူးတကတောင် post တွေစောင့်ဖတ်ခဲ့တာတွေ ရှိခဲ့သေးတာပဲ၊ ဘာပဲဖြစ်ဖြစ် စာရေးပီး မှတ်တမ်းရေးလေးချန်ခဲ့တော့ တစ်ချိန်မှာပြန်ဖတ်ရင် ရီရတာပေါ့ 😅  အခုတောင် အရင်က Post အဟောင်းတွေပြန်ဖတ်ရင်း ရီနေမိသေးတာ ပေါက်တတ်ကရတွေ ရေးခဲ့တာတွေပါနေလို့ 😂 ကိုယ့်ဘာကို စိတ်ထွက်ပေါက်အနေနဲ့ ရေးချင်တဲ့စာလေးတွေ လာရေးမယ် Sharing လုပ်မယ် ရေးရမှာ ပျင်းတဲ့အခါ ဒါမှမဟုတ် သဘောကျတဲ့စာလေးတွေ တွေ