Skip to main content

Posts

sawsan သုစရိုက် ၁၀-ပါး

ကာယ သုစရိုက် (၃)ပါး ၁။ ပါဏာတိပါတ ဝိရတီ - သတ္တဝါ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။ ၂။ အဒိန္နာဒါန ဝိရတီ - သူတစ်ပါးပစ္စည်းကို မတရားယူခြင်းမှ ရှောင်ကြဉ်ခြင်း။ ၃။ ကာမေသုမိစ္ဆာစာရဝိရတီ - ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း။ ဝစီ သုစရိုက် (၄)ပါး ၁။ မုသာဝါဒဝိရတီ - မှန်သောစကားကို ပြောဆိုခြင်း။ ၂။ ပိသူဏဝါစာ ဝိရတီ - ညီညွတ်စေလိုသောစိတ်ဖြင့် ပြောဆိုခြင်း။ ၃။ ဖရုသဝါစာ ဝိရတီ - နူးညံ့ချိုသာသော စကားကိုပြောဆိုခြင်း။ ၄။ သမ္ဖပ္ပလာပဝိရတီ - အကျိုးရှိသော စကားကိုပြောဆိုခြင်း။ မနော သုစရိုက် (၃)ပါး ၁။ မနဘိဇ္ဓျာ - သူတပါးချမ်းသာမှုကို လိုလားခြင်း။ ၂။ အဗျာပါဒ - သူတစ်ပါးကို ဖျက်ဆီးလိုစိတ် မရှိခြင်း။ ၃။ သမ္မာဒိဋ္ဌိ - အယူဖြောင့်မှန်ခြင်း။ (အင်္ဂုတ္ထိုရ် - မာတုဂါမသုတ်)မြတ်စွာဘုရား 🙏🙏🙏 ကိုးကားစာ - Dhamma Facebook page နှင့် http://martikar.pikay.org/ မှကူးယူဖော်ပြထားပါသည်။

sawsan Self Study ဆိုတာ ဘာလဲ

စိတ်ဝင်စားတဲ့တစ်ခုခုကို အမြဲ သိချင်တတ်ချင်စိတ်ရှိတဲ့လူတိုင်း Self Study နဲ့ မကင်းပါဘူး။ Self Study ဆိုတာ ကိုယ်သိချင်တတ်ချင်တဲ့အရာကို ကိုယ်တိုင်လေ့လာအားထုတ် ကိုယ်တိုင်သင်ယူခြင်း အစပိုင်းမှာ ပင်ပမ်းခက်ခဲပေမယ့် နေ့စဉ် တစ်ခုခုကို အမြဲရှာဖွေစူးစမ်းလေ့လာ စမ်းသပ်ပီး Self Study အားကောင်းအောင် Train သွားမယ်ဆိုရင် ၃နှစ် ၄နှစ်လောက်ဆို Self Study အားကောင်းလာပါပီ.. ၁၀စုနှစ်တစ်ခုလောက် Train လာခဲ့ရင်တော့ သိချင်တဲ့အရာတွေကို အခက်အခဲမရှိ ကောင်းကောင်းလေ့လာသင်ယူနိုင်ပါပီ။ Self Study က အဲ့လို နှစ်တွေအကြာကြီး Train ယူရတာလား? တကယ်တော့ ကျနော်တို့ မသေမခြင်း လေ့လာသင်ယူမှု့တွေက မပီးဆုံးတာမို့ Self Study ကလည်း မသေမခြင်းလုပ်နေရမယ့် ကိုယ်ရည်ကိုယ်သွေးတစ်ခုပါပဲ။ ကျယ်ပြန့်ခက်ခဲနက်နဲတဲ့ ပညာရပ်တွေကို သိချင်တတ်ချင်တဲ့အခါ အချိန်တိုအတွင်းမှ မြန်မြန်တတ်ဖို့ သင်တန်းတွေတတ်ကြတယ်၊ Self Study ကို သိပ်မလုပ်ကြဘူး တစ်ချို့က ရှောင်နေတယ် ပျင်းနေတယ် ရေသာခိုနေတယ် ကိုယ့်ပါကိုယ်လုပ်ဖို့ မှားမှာကြောက်နေတယ် အချိန်ပိုကုန်တယ်လို့ တွေးပလိုက်ကြတယ်။ သင်တန်းရဲ့ အားသာချက်က အချိန်တိုအတွင်းမြန်မြန်သိမယ်တတ်မယ် အမှားနည်းမယ် လူသက်သာတယ် မသိတာရှိရင် မေး

sawsan တစ်ခါတုန်းက..

ကိုယ့်စိတ်ကိုထိန်းမနိုင်သေးတဲ့အခါ ပေါက်ဆိန်ကို မြစ်ထဲအကြိမ်ကြိမ်ပစ်နေတဲ့လူလိုပဲပေါ့.. တစ်နေ့တော့.. အသိနဲ့အကျင့် တစ်ထပ်ထည်းကျလောက်ရဲ့... ဟိုတုန်းကတော့ အသိပညာကို စုဆောင်းဖို့ စာအုပ်တွေများကြီးဖတ်ပီး ခေါင်းထဲမှာ Data တွေစုဆောင်းရတာ ဝါသနာတစ်ခုလိုတောင် ဖြစ်ခဲ့တယ်..  စာတွေဖတ် အသိပညာတွေစုဆောင်းပီး ကိုယ်တိုင်သိတဲ့အတိုင်း မကျင့်ကြံတဲ့အခါ လူတွေကြားမှာ စကားပြောကောင်းသူ နှံစပ်အောင်လေ့လာသူသာ ဖြစ်လာတယ်။ ငယ်ငယ်က အဖေ့စာအုပ်သေတ္တာထဲက ပီမိုးနှင်းစာအုပ်တွေများကြီးဖတ်ပီး စာအုပ်ထဲက တန်ဖိုးရှိတဲ့အသိပညာတွေအကြောင်းသူငယ်ချင်းကိုပြန်​ပြောဖြစ်တဲ့အခါ သူငယ်ချင်းပြောတာလေး အမှတ်ရမိတယ်... ငါက စာဖတ်ပျင်းတယ် မင်းလောက်စာမဖတ်ဘူး ဒါပေသိ မင်းဖတ်တဲ့စာအုပ်တွေထဲက ပီမိုးနင်းစာအုပ်ထဲက အချိန်ရယ် ငွေရယ် စည်းကမ်းရှိဖို့ရယ် ဒီ ၃ခုအကြောင်းပဲဖတ်ပီး ဒီ ၃ခုကိုပဲ တကယ်လိုက်နာကျင့်သုံးရင်ကို ဘဝမှာတော်တော်အဆင်ပြေပီ ထပ်မဖတ်တော့ဘူးတဲ့ တကယ်တော့ သိဖို့လိုအပ်သလို သိသလောက်ကျင့်နိုင်ဖို့ ပိုအရေးကြီးတာ ဆိုပီးပြောတာကို အမှတ်ရနေတယ်။ အသိနဲ့အကျင့် တစ်ထပ်ထည်းကြဖို့ သတိအမြဲထားဖို့လိုတယ် ကိုယ်စိတ်ကို အလိုမလိုက်ဖို့လိုတယ် စိတ်ကိုလွတ်မပစ်ဖို့လိုတယ်။ မြတ်စ

sawsan လူ့သဘာဝ

ဘဝဟာ ကိုယ့်စိတ်တိုင်းကျ ကိုယ်လုပ်ခွင့်ရနေတယ်လို့ထင်နေတာဖြစ်ဖြစ် သူများရဲ့ခြယ်လှယ်မှုအောက်မှာ အလုံးစုံကျရောက်နေတယ်လို့ထင်နေတာဖြစ်ဖြစ် အစွန်းရောက်တဲ့အတွေးတွေပါဘဲ။ ငါးတစ်ကောင်ဟာ ဘယ်တီကောင်ကို ဖြစ်ဖြစ် ရွေးခြယ်စားလို့ရတယ်။ ဒါပေမဲ့ ငါးမြားချိတ်ပါတဲ့ တီကောင်ကို စားမိတာဟာ ရွေးခြယ်မှုမှားယွင်းတာ သက်သက်မဟုတ်ဘူး။ သတ္တဝါမှန်သမျှဟာ အစာစားရမယ်။ နားရမယ်။ မျိုးဆက်သစ်တွေမွေးထုတ်ရမယ်။ ကိုယ့်ရဲ့ မိသားစုကိုကာကွယ်ရမယ်။ ကျူးကျော်လာသူကို တွန်းလှန်ရမယ်။ ဗီဇက သတ္တဝါတိုင်းဆီမှာ စေ့ဆော်တွန်းအားပေးနေတဲ့ သဘာဝတရားဖြစ်တယ်။  မွေးခါစ ဖြူစင်တဲ့ကလေးလေးမှာတောင် လောဘ၊ ဒေါသ၊ မောဟ တွေကပါလာပြီးသားပါဘဲ။ ဘဝအစမှာကထဲက ဒုက္ခနဲ့ သုခဟာ ယှဉ်တွဲပြီးသားဖြစ်ပါတယ်။ ဘယ်လောက်ချမ်းသာတဲ့သူဖြစ်ဖြစ် ဒုက္ခမကင်းနိုင်သလို ဘယ်လောက်ဆင်းရဲတဲ့သူဖြစ်ဖြစ် သုခနဲ့မကင်းပါဘူး။ တကယ်တမ်း လူတွေဟာ ငါးတွေထက်အများကြီးပိုညဏ်မကောင်းပါဘူး။  ငါးမြှားချိတ်မှာ မိနေတဲ့ လူတွေမှ အပုံကြီးပါဘဲ။ ရယူလိုစိတ်နောက်မှာ ရုန်းထွက်မရတဲ့ ချိတ်နဲ့ငြိနေကြတာပါဘဲ။ ငါဘာဖြစ်ချင်တယ် ဘာဖြစ်ရမယ် ဆိုတာတွေက တကယ်တော့ ကိုယ့်ကိုယ်ကိုယ်ချည်တဲ့ကြိုးတွေပါဘဲ။ လူဆိုတာ တခြားသတ္တဝါတွေထက်ညဏ်ကောင်

sawsan စူဠသောတာပန်ဖြစ်နိုင်သူများ

လူတို့အား ဟိတ်အရ ပုဂ္ဂိုလ်သုံးမျိုးခွဲထား ပါသည်။  ၁။ သုဂတိအဟိတ်ပုဂ္ဂိုလ်  ၂။ ဒွိဟိတ်ပုဂ္ဂိုလ်  ၃။ တိဟိတ်ပုဂ္ဂိုလ်တို့ဖြစ်သည်။  ပဋိသန္ဓေနေစဉ်ကတည်းက ကျိုးကန်းဆွံ့အ နား မကြား ထုံထိုင်း လူစဉ်မမီဖြစ်ပြီး မွေးလာသောသူ ကို သုဂတိအဟိတ်ပုဂ္ဂိုလ်ဟု ဆိုပါသည်။  ခြေလက်အင်္ဂါမချို့ယွင်းသော်လည်း ဉာဏ်ပညာ နည်းသောသူမျိုးကို ဒွိဟိတ်ပုဂ္ဂိုလ်ဟုဆိုပါသည်။ တိဟိတ်ပုဂ္ဂိုလ်ကား ဉာဏ်ပညာ ထက်မြက်သော ပုဂ္ဂိုလ်ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်သုံးမျိုးအနက် စူဠသောတာပန်အဆင့်ကို သုဂတိအဟိတ်ပုဂ္ဂိုလ်မရနိုင်ပေ။ ဒွိဟိတ်နှင့်တိဟိတ် ပုဂ္ဂိုလ်နှစ်မျိုးရနိုင်ပါသည်။ သို့ကြောင့် ယေဘုယျသဘောအားဖြင့် မွေးရာပါ ဆွိ့ အ နားမကြား ထုံ ထိုင်း ကျိုးကန်း လူစဉ်မမီ သူများမှတစ်ပါး မည်သူမဆို အားထုတ်လျှင် စူဠသောတာပန်ဖြစ်နိုင်ပါသည်။ ရုပ်နာမ်ကို အကြောင်းနှင့်တကွ သိရာ၌ စာသိ သုတသိမျှဖြင့် စူဠသောတာပန်မဖြစ်နိုင်ပါ။  နာမရှုပ ပရိစ္ဆေဒဉာဏ်ဟူသော ရုပ်နာမ်ကို ပိုင်းခြားသိမြင်ခြင်း ပစ္စယ ပရိဂ္ဂဟဉာဏ်ဟူ သော ရုပ်နာမ်၏ ဖြစ်ခြင်းအကြောင်းကိုသိမြင် ခြင်းဟူသော ဉာဏ်စဉ်နှစ်ဆင့်ရအောင် ကျင့် ကြံပွားများ အားထုတ်ရပါသည်။ ထို့ကြောင့် စူဠသောတာပန်သည် သုတသိ၊ အကျင့်သိနှစ်မျိုးပေါင်းဟု ဆို