Skip to main content

Posts

Showing posts with the label Lovingly

sawsan အနိုင်လည်းမယူ အရှုံးလည်းမပေး

အချို့လူတွေကျတော့လည်း သူတို့ရဲ့ စိတ်ထဲမှာ လုံခြုံမှုမရှိတာကြောင့် အနိုင်ရမှ ကြိုက်တယ်၊ အနိုင်ရနေမှ နေသာထိုင်သာရှိတယ်၊ အဲ့ဒါကြောင့် ရောက်လေရာမှာ တွေ့ရာလူကို အနိုင်ယူဖို့ပဲကြိုးစားတယ်၊ ဒါကြောင့် ရောက်လေရာမှာ တွေ့ရာလူကို အနိုင်ယူဖို့ပဲ ကြိုးစားတယ်၊ ဒါကြောင့် ရောက်လေရာမှာ ပြဿနာဖြစ်အောင်လုပ်တက်တယ်။ အဲဒီလိုလူဟာ သူများကို အထက်စီးကနေပြောရမှ ဆက်ဆံရမှ သူ့ကိုယ်သူ သိပ်ဟုတ်တယ်လို့ ထင်တယ်။ အမှန်တော့ သူဟာ 'င့ါကို လူတွေ အထင်မကြီးဘူး' လို့ ကျိတ်ပြီးတော့ တွေးနေတတ်တယ်။ ဒါကြောင့် ကိုယ့်ကို သူများတွေ ကြောက်တာကိုလိုချင်တယ်။ လူတိုင်းကို နိုင်ရမှ ကျေနပ်တယ်။ ပြဿနာတစ်ခု ကြုံလာရင် သူကပဲ အနိုင်ရမှ။ သဘောထား အယူအဆ မတူတာတွေ့ရင် သူ့အယူအဆကို မှားမှားမှန်မှန် ခေါင်းညိတ်မှ ကြိုက်တယ်။ သူဟာလူလူချင်း ဆက်ဆံရေးအားလုံးကို လွှမ်းမိုးမှု ချုပ်ကိုင်မှုအနေနဲ့ပဲ မြင်တော့တယ်။ ဒါပေမဲ့ ရေရှည်မှာ လူတွေအပေါ် ရန်လိုမုန်းထားတဲ့ စိတ်ရှိပြီး ပြဿနာဖြစ်တိုင်း သူကချည်းပဲ အနိုင်ရချင်နေလို့ ဖြစ်တဲ့နည်းနဲ့ အနိုင်ယူတဲ့လူဟာ ဆက်ဆံရေး အဆင်မပြေဘူး။ သူ့ကို လူတွေက ရှောင်လိမ့်မယ်။ သူ့အနားမှာနေတဲ့ လူတွေကလည်း သူပြောသမျှ ခေါင်းညိတ်တဲ့သူတွေဖြစ်နေလိမ

sawsan ညှိနှိုင်းပြီး နေသွားရမှာ

လောကကြီးက ကိုယ့်စိတ်တိုင်းကျ ဖန်တီးထားပြီး ကိုယ့်အလာကို စောင့်မျှော်ကြိုဆိုနေတာမှ မဟုတ်တာ၊ သူ့ဟာ သူဖြစ်ချင်သလို ဖြစ်နေတဲ့ လောကကြီး။ ဒီလောကကြီးထဲမှာ ကိုယ်ကမွေးဖွားလာတာ၊ ဒါကို နားလည်ပြီး adapt လုပ်ပြီး၊ ညှိနှိုင်းပြီး နေသွားရမှာ။ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို ပိုပြီး ကောင်းလာအောင်တက်နိုင်သလောက် ပြုပြင်ဖို့တော့ လိုပါတယ်။ စိတ်နေသဘောထား ကောင်းတဲ့သူတွေ၊ သတိနဲ့ နေတက်တဲ့ သူတွေ၊ ချင့်ချိန်နိုင်တဲ့ သူတွေ၊ စည်းကမ်းရှိတဲ့သူတွေ ပိုပြီး များလာအောင် ကူညီရမယ်။ အလုပ်အကိုင်နဲ့ ပက်သက်ပြီးတော့ တွေ့ရတဲ့အခက်အခဲတွေကို ဖြေရှင်းနိုင်အောင် စနစ်တကျ သင်ကြားလေ့လာထားဖို့ လိုအပ်သလို၊ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ တွေ့ရတဲ့ အခက်အခဲတွေကို အကောင်းဆုံးနည်းနဲ့ ဖြေရှင်းနိုင်အောင် စနစ်တကျသင်ကြားလေ့လာထားဖို့ လိုအပ်ပါတယ်။ နေစဉ် ကြုံတွေ့နေရတဲ့ အတွေ့အကြုံတွေ၊ နေ့စဉ်ကိုယ်ရဲ့ စဉ်းစားပုံ၊ တွေးခေါ်ပုံ၊ သဘောထားတွေ၊ နေ့စဉ် ပြောပုံဆိုပုံ လုပ်ပုံ ကိုင်ပုံတွေ၊ နေ့စဉ်လူတွေနဲ့ ဆက်ဆံပုံတွေက ကိုယ့်ကို "ဘယ်လိုလူ" ဆိုတာကို ပုံဖေါ်ပေးနေတယ်။ နေ့တိုင်း စိတ်ဆိုးနေ၊ စိတ်တိုနေရင် ကြမ်းတမ်းတဲ့ သူဖြစ်လာတယ်။ ဒေါသဖြစ်တာနည်းလာရင် ကိုယ်လည်း

sawsan အလုပ် လုပ်မှသာ

Work is also a way of connecting with the larger world. အလုပ်ဟာ အပြင်လောကကြီးနဲ့ဆက်သွယ်ဖို့ နည်းလမ်းတစ်ခုဖြစ်တယ်။ အလုပ်လုပ်တဲ့သူရဲ့ လောကဟာကျယ်တယ်။ သူ့မှာ သိတဲ့သူ ခင်တဲ့သူ များတယ်။ လောကအကြောင်းကို သူပိုသိတယ်။ လူတွေအကြောင်းကို သူပိုသိတယ်၊ လောကဓံအမျိုးမျိုးနဲ့ အခက်အခဲ့အမျိုးမျိုးနဲ့ အမြဲတွေ့နေရလို့ အခက်အခဲကို သူမကြောက်ဘူး၊ သူ့အရည်အချင်းတွေဟာ အမြဲတိုးနေတယ်။ သူဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိတယ်။ အလုပ်မလုပ်တဲ့သူရဲ့ လောကစာ ကျဉ်းမြေင်းတယ်။ သူ့မှာ သိတဲ့သူ ခင်တဲ့သူနဲတယ်။ သူဟာ လူတွေအကြောင်းကို သိပ်မသိဘူး။ အခက်အခဲတွေကို ရင်ဆိုင်ရတာနဲလို့ သူဟာ အခက်အခဲကို ရင်ဆိုင်ရမှာ ကြောက်တက်တယ်၊ သူ့အရည်အချင်းတွေဟာ ထွက်မလာနိုင်ဘူး။ အလုပ်လုပ်ရင် ပင်ပန်းတယ်ဆိုတော့ အလုပ်မလုပ်ဘဲနေရင် ကောင်းသလား၊ မကောင်းဘူးနော်၊ တချို့လူတွေဟာ မိဘကလည်း ကျေွးထားနိုင်တော့ အလုပ်မလုပ်ဘဲနဲ့ နေတာတွေရှိတယ်နော်။ သူတို့နဲ့ ကျောင်းနေဖတ် အတူတူတွေ တချို့က အလုပ်ထဲရောက်သွားပြီ၊ လေး,ငါး,ဆယ်နှစ်လောက် အလုပ်လုပ်နေပြီ။ အလုပ်မလုပ်ဘဲ နေတဲ့လူနဲ့ အလုပ်လုပ်တဲ့သူ ပြောပုံဆိုပုံ၊ နေပုံ၊ ထိုင်ပုံ ကြည့်တဲ့အခါမှာ အလုပ်မလုပ်ဘဲနေတဲ့သူက မရင့်ကျက်တာကို တွေ့ရတယ်နော်။

sawsan IF ‘အကယ်၍’

If you can keep your head when all about you, Are losing theirs and blaming it on you, အကယ်၍ မင်းအသိုင်းအဝိုင်းက တုန်လှုပ်ခြောက်ခြားပြီး ဒါတွေဟာ မင်းကြောင့်လို့ ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ မင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်. . . . . . . .. . .။ If you can trust yourself when all men doubt you, But make allowance for their doubting too, အကယ်၍ အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့ မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်. . . . . . . . .။ If you can wait and not be tired by waiting, Or, being lied about, don’t deal in lies, Or being hated, don’t give way to hating, And yet don’t look too good, nor talk too wise, အကယ်၍ စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်… ဒါမှမဟုတ် မင်းရဲ့အကြောင်း မဟုတ်တရား မုသားစကား ကြားရတဲ့အခါ မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင်…. ဒါမှမဟုတ် မင်းကို လူတကာက ဝိုင်းဝန်းမုန်းတီးတဲ့အခါ မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်…. ပြီးတော့ မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ ပညာ

sawsan အများဆုံး စိတ်ပင်ပန်းစေတဲ့သူတွေ

Other people can be a big source of stress in our life. သူတစ်ပါးဟာ ကိုယ့်ဘဝမှာ စိတ်ပင်ပန်းမှု ဖြစ်စေနိုင်တဲ့ကြီးမားတဲ့ အကြောင်းအရင်းဖြစ်နိုင်တယ်။ ဖြစ်နိုင်တယ်ဆိုတာထက် ဖြစ်နေတယ်ဆိုတာက ပိုမှန်တယ်။ သတိထား ကြည့်စမ်းပါ။ ကိုယ့်ဘဝမှာ ပြောရေးဆိုရေး။ ဆက်ဆံရေး အဆင်မပြေလို့ ဘယ်လောက် စိတ်ပင်ပန်းနေရတယ်တာ...။ အားလုံးပဲ ကြုံဖူးကြမှာပါ။ ကိုယ့်ဘဝကို သူတစ်ပါးက လွှမ်းမိုးခြယ်လှယ်နေတယ်လို့ ခံစားဖူးကြမှာပါ။ ကိုယ့်ကို အတင်းအကြပ် သူတို့သဘောအတိုင်း လုပ်ခိုင်းတာတွေ ကြုံဖူးကြပါတယ်။ သူတို့ကိစ္စတွေလုပ်ပေးဖို့ ကိုယ့်အချိန်တွေကို မရမကတောင်းဆိုကြတယ်။ ပြောရဆိုရ ဆက်ဆံရတာ သိပ်ခက်ခဲတယ်။ ရန်လိုတယ်။ ကိုယ်က မျှော်လင့်ထားသလို လုပ်မပေးဘူး။ ကိုယ့်ကို အလေးမထားဘူး၊ ဂရုမစိုက်ဘူး၊ ကိုယ့်ရဲ့ခံစားချက်ကိုလည်း အလေးမထားဘူး၊ ဂရုမစိုက်ဘူး။ တစ်ဖတ်သတ်အနိုင်ကျင့်ပြီး ဆက်ဆံနေတာတွေ တွေ့ကြုံဖူးမှာပဲ။ ဒါမျိုးက ဆက်ဆံရေးတိုင်းမှာ တွေ့ရတက်ပါတယ်။ တော်တော်များများ တွေ့ရတယ်။ တဖတ်သားရဲ့ ဆန္ဒ၊ တဖတ်သားရဲ့ ခံစားချက်ကို လုံးဝ အသိအမှတ်မပြုဘူး။ တန်ဘိုးမထားဘူး။ ငါပြောသလိုလုပ်၊ ငါသိတယ်၊ မင်းတို့ ဘာမှပြောစရာ မလိုဘူးဆိုပြီး ရာနှုန်းပြည့် control လုပ်ထားကြတယ်။

sawsan ညီလေးဆယ်တန်းနှစ်က ကျနော်ရေးပေးခဲ့တဲ့ ကဗျာလေးပါ

"လိုတာယူ... ယူတာပေး" သင်ကြားမျှဝေ နားထောင်နေ ဂရုစိုက်လို့ စိတ်ဝင်စား စဉ်းစားဉာဏ်ကြောင့် နားလည်သွား လေ့ကျင့်မှုဖြင့် ကျွမ်းကျင်လာ အသုံးချခြင်းနှင့် မျှဝေပါ။ 'Bring the need.. Give the brings' - Listen to the teaching share - Interest with great attention - Unterstant as thinking - Become skillful from exercise - Share with applying. composed by saw san

sawsan ထိပ်ဆုံးသို့

တစ်တောင်ပေါ်တစ်တောင်ဆင့် တောင်အမြင့်ပတ်ခြံရံ တစ်တောင်ဆုံးပြန်တော့ တစ်လုံးကျန်ပေသမို့ ဖန်ဖန်လေ အားအင်နှိုးလို့ရယ် ကြိုးလျှောက်ရပြန်။ ခါတလေ တကယ်ပန်းတာကြောင့် တော်ပါပြီဆက်မလှမ်းချင်ဘု ရပ်တန်းကရပ်မယ်ကြံ အမှန်တော့ဖြစ်နိုင်မလား?။

sawsan Shin Min Khine

ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ဘယ်သူအကောင်းမြင်မြင် မမြင်မြင်ပေါ့ ခပ်တည်တည်ပဲ မသိချင်ယောင်ဆောင်တာကောင်းတယ် တွေ့သမျှ ဝေဖန်တာတွေ အာရုံစိုက်ရင် ရူးသွားလိမ့်မယ် ကိုယ့်လမ်းကိုယ်လျှောက်ပြီး ကိုယ့် ခြေလှမ်း ကိုယ်ဂရုစိုက်တာ အကောင်းဆုံး ကြားသမျှ လေ လို့ မှတ်ပြီး မြန်မြန်ရွေ့မှ ပန်းတိုင် ရောက်မှာ။ ။ :) :) :) shin min khine ————————————————— အဲဒီနောက် … နာရီသံတွေ… တချောက်ချောက်နဲ့ ငါ့ ရင်ခုန်သံတောင် တတောက်တောက် မြည်လာသလိုဘဲ ညနက်သန်းခေါင် စာတွေဖတ်ရင်း အိမ်ဘေးနားက ခွေးဟောင်သံက မရိုးသားသလို အိမ်ရှေ့က ခြေသံကြားမိတယ် အေးစိမ့်စိမ့်ခံစားချက်နဲ့ ခေါ်သံ တစ်ချို့တစ်ဝက်ကြားမိတယ် ကို်ယ် လှည့်ကြည့်လိုက်တော့ ငါ့ချစ်သူက ပြုံးရင်း လက်ကမ်းပေးတယ် ဟင်.. သူက.. ဘာလို့ ဒီအချိန် ဒီနေရာ… သူ စိုးရိမ်တကြီး ညွှန်ပြတဲ့ဘက်မှာ ဝတ်ရုံမည်းလူက ဧရာမ တုတ်ကြီးနဲ့ တားဆီးချိန်မရ ငါ့ခေါင်းကို ဝုန်း……ခ နဲ……. အဲဒီနောက်……….. အဲဒီနောက်… မြင်ကွင်းတွေ ပြောင်းသွားတယ် ……ဪ စားပွဲပေါ်ကို ငါ ဒေါက်ခနဲ ကျသွားတာကို တော်သေးတာပေါ့..၊ ငိုက်တာမို့လို့…………. ။ ။ shin min khine ————————————————— နေကိုမျှော်တဲ့ ပန်းကလေး တိမ်မိုးသားတို့ ဆန်းကြယ်လည်းလေ နေခြည်နွေး

sawsan ကျနော် သဘောကျတဲ့ status message လေးတွေ

၁။ ကိုလှရွေှ နေမကောင်းဖြစ်လို ့.....မသိန်းကြည် ငါးသွားရောင်းတာ......တာမွေမှာရေကြီးလို ့တဲ့.......အဲဒါနဲ ့အမေရိကန်နဲ ့.....ကိုရီးယားစာချုပ် ချုပ်လိုက်တာ....ဒွေးသေသွားတယ် ......နင့်ကိုသတိရလိုက်တာဟာ... ၂။ When I saw you. I was afraid to meet you. When i met you. I was afraid to love you and now I love you. I was afraid to lose you. Don't worry I put you in the innermost part of my heart so no one can take you out. ၃။ I love walking in the rain because no one know I am crying.. ၄။ ခင်ယုံပါဆို ရင်ခုန်စရာဘာလို့တွေးတာလဲ? ရိုးရိုးသိတာပါဆိုလဲ ခိုးခိုးကြည့်စရာ မလိုပါဘူး... ဖုံးဖိနေပေမယ့် အပြုံးအကြည့်တွေက သိသာတယ်နော်... အခင်မပိုသေးရင်လည်း အရင်လိုလေးပဲ ဆက်ဆံပေါ့... ၅။ အချစ်ဆိုတာ ဓါးသွားပေါ်က ပျားရည်စက်တဲ့... တောက်! ဘယ်သူကများ ပျားရည်တွေကုန်အောင် လျက်သွားပါလိမ့် ................ ငါ့အလှည့်ကျ ဓါးသွားချည်းကျန်တော့တယ် ....

sawsan E-Books

21. http://sawsan.googlecode.com/files/creating_a_virtal_window_with_bart_pe_by_sawsan.pdf 20. http://sawsan.googlecode.com/files/line_communities_with_drupal_phpBB_and_wordpress.pdf 19. http://sawsan.googlecode.com/files/Study_of_window_system_services_by_sawsan.pdf 18. http://sawsan.googlecode.com/files/PHP_Advanced_Tutorial.pdf 17. http://sawsan.googlecode.com/files/PHP_Tutorial_From_beginner_to_master.pdf 16. http://sawsan.googlecode.com/files/jquery_documentation.pdf 15. http://sawsan.googlecode.com/files/jquery_tutorial_beginners.pdf 14. http://sawsan.googlecode.com/files/HTML5_and_CSS3_Develop_with_Tomorrows_Standards_Today.pdf 13. http://sawsan.googlecode.com/files/Own_Forum_reation_By_Yamanya.pdf 12. http://sawsan.googlecode.com/files/MMPHPEbook.pdf 11. http://sawsan.googlecode.com/files/Beginning_HTML_XHTML_CSS_and_JavaScript.pdf 10. http://sawsan.googlecode.com/files/teamviewer_manual.pdf 9. https://www.sites.google.com/site/sawsanpku/howtomakewiki.pdf 8. http://sawsan.googl

sawsan ကိုယ်နားလည်သလို အဓိပ္ပါယ်ဖွင့်မယ်

၁။ ဘုရား = သစ္စာ(၄)ပါးမြတ်တရားကို ကိုယ်ပိုင်ဉာဏ်ဖြင့် ကိုယ်တိုင်သိ၍ သူတစ်ပါးကိုလည်း သိအောင်ဟောပြောနိုင်သူ ၂။ တရား = သိသင့်သိထိုက်သော သဘာဝအကြောင်းအကျိုးအမှန်တရား ၃။ သံဃာ = စောင့်ထိန်းအပ်သော သက္ခာကို စောင့်ထိမ်း၍ ဘုရားအဆုံးအမများကိုပြန်လည် ဟောပြောသူ။ ဒါန၊ ကုသိုလ်ကောင်းမှုများ ဆောင်ရွက်နိုင်သောနေရာ ၄။ မိဘ = မှန်ကန်သောဦးတည်ချက်ဖြင့် ကိုယ့်လမ်းကို လျောက်နိုင်အောင် လမ်းညွှန်ပြသ ဖေးမကူညီပေးခဲ့သူ ၅။ ဆရာ = ဘဝမှာကြုံတွေ့ရမည့် အခက်အခဲတွေကို ပိုင်ပိုင်နိုင်နိုင်ဖြေရှင်းနိုင်အောင် အတန်းပညာ၊ အတက်ပညာ၊ အသိပညာ၊ ဗဟုသုတများကို မျှဝေသင်ကြားပေးခဲ့သူ ၆။ ဉာဏ် = အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှားအမှန်ကို ပိုင်းခြားသိတာ (ဆရာတော်ဥုံးသုမင်္ဂလအမြင်ကို လက်ခံထားခြင်းဖြစ်ပါသည်) ၇။ သီလ = ကိုယ်၊ နှုတ်၊ စိတ်ကို စောင့်ထိမ်းခြင်း ၈။ သမာဓိ = တည်ကြည်ခြင်း ၉။ ပညာ = ဘဝမှာ ကြုံတွေရမည့် အခက်အခဲတွေကို ပိုင်ပိုင်နိုင်နိုင် ဖြေရှင်းနိုင်ပြီး အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှားအမှန်ကို ပိုင်းခြားသိစေရန် အထောက်အပံ့ဖြစ်သောအရာ ၁၀။ ဒိဋ္ဌိ = အယူမှားခြင်း (ဘုရားမပွင်မီက) ၁၁။ ဒိဋ္ဌိ = အမြင် (ဘုရားပွင်းပြီးကာလ) ၁၂။ ကုသိုလ် = လောဘ၊ ဒေါသ၊

sawsan ကျနော် အမြတ်တနိုးထားတဲ့ မှတ်စုများ

> လုပ်ရည်ကိုင်ရည်ရှိလျှင် အသုံးကျတဲ့သူဖြစ်မယ်၊ ကိုယ်ကျင့်တရားရှိလျှင် ယုံကြည်ရတဲ့သူဖြစ်မယ်၊ > ကိုယ်ထက်နိမ့်တဲ့သူနဲ့ပေါင်းရင် အခြေခံအုတ်မြစ်ခိုင်မာမယ်.. ကိုယ်ထက်သာတဲ့သူနဲ့ပေါင်းရင် အတွေးအခေါ်ဉာဏ်ပွင့်လင်းမယ်.. > အသိပညာမှာ လေ့လာနှံစပ်သူသည် ရှုံးနှိမ့်မည်ကို မကြောက်၊ > အတက်ပညာမှာ ကျွမ်းကျင်နှံစပ်တဲ့သူသည် အခက်အခဲကို မကြောက်၊ > အောင်မြင်မှုဆိုတာ ကိုယ်လိုချင်တာကိုရတာ၊ ပျော်ရွှင်မှုဆိုတာ ကိုယ်ရရှိတဲ့အပေါ်မှာ ကျေနပ်နေတာ၊ > ရွေွှးချယ်စရာရှိရင် ပြတ်သားရမယ်၊ ရွေှးချယ်စရာမရှိရင် လုပ်ရဲရမယ်၊ > လူတိုင်းဟာ ချမ်းသာစွာနေဖို့ မွေးဖွားလာတာပါ၊ ချမ်းသာကြောင်း အကျင့်၊ ချမ်းသာကြောင်း အလုပ်၊ ချမ်းသာကြောင်း အတွေးတွေကို မတွေး၊ မလုပ်၊ မကျင့်တဲ့ လူတွေသာ ဆင်းရဲ့စွာနေထိုင်ရတာပါ၊ ဒါပေမယ့် တစ်ချို့က လူမတန်တော့ ကံကိုလွှဲချကြတာပေါ့၊ > ကိုယ့်ရဲ့ အာရုံက ဘယ်မှာ ကျက်စားနေတယ်ဆိုတာ သိမနေတဲ့လူအတွက် အဲ့အချိန်တွေက သေနေတဲ့အချိန်နဲ့အတူတူပဲ > ငါဘာအတွက်အသက်ရှင်နေတာလဲဆိုတာကို သေသေချာချာသိရတာဟာ တော်တော်စိတ်ချမ်းသာစရာ ကောင်းတယ်.. > ဝမ်းနဲဝမ်းသာ များလွန်းတဲ့သူဟာ ဘဝလမ်းကြောင်းမဖြောင့်ဘူး ဝမ်းနဲ ဝမ်းသာဖြစ်တိ