လူတစ်ယောက်အနေနဲ့ နှမြောစရာ အကောင်းဆုံးဟာ ဘာလဲဆိုတော့ သူ့အသိဉာဏ် အဆင့်မြင်သင့်သလောက် မမြင့်လာတာ။ အဲဒါ သိပ်နှမြောဖို့ ကောင်းတာပဲ။ သူ့ရဲ့ အရည်အချင်းတွေ၊ လုပ်ရည်ကိုင်ရည်တွေ မြင့်သင့်သလောက် မမြင့်လာတာဟာ သိပ်နှမြောဖို့ ကောင်းတယ်။ တချို့နေရာမှာကျတော့ သိတဲ့ အသိအပိုင်းဟာ မြင့်လာပြီ။ ဒါပေမဲ့ အဲဒါကို သုံးရမည့် နေရာကျတော့ သုံးလို့ မရတာတို့ ၊ သုံးခွင့်မရတဲ့ အခြေအနေမျိုးတို့ ကြုံရတာတွေ ရှိတယ်။ တစ်ခါတစ်လေ ကိုယ့်ဟာကိုယ် သိပြီးတော့ ကိုယ့်ဟာကိုယ် တွေးပြီး ပြောလို့ မရတာတွေရှိတယ်။ အခြေအနေအရ မပြောသင့်ဘူး ဆိုပြီးတော့ ချန်ထားတာတွေလည်း ရှိတာပေါ့။ အဲဒါစိတ်ထဲမှာ အတော်ခံစားရတာပဲ။ တစ်ချို့ သူတို့ ပညာအရည်အချင်း အဆင့်မြင့်မြင့်တွေ သင်ခဲ့ရတယ်။ တချို့ဆို ဒေါက်တာဘွဲ့၊ ဆရာဝန်ဘွဲ့တွေ ရခဲ့ပြီး တစ်ချို့ အင်ဂျင်နီယာဘွဲ့တွေ ရပြီးတော့ အလုပ်တွေ လုပ်ပြီးတော့ အလုပ်ထဲမှာ အတွေ့အကြုံ ၁ဝ နှစ်၊ ၁၅ နှစ်လောက် အတွေ့အကြုံရှိထားပြီးပြီ။ အရည်အချင်းတော်တော် အဆင့်မြင့်နေတယ်နော်။ ဒါပေမဲ့ အခြေအနေ တစ်ခုခုကြောင့် သူတို့ အရည်အချင်းကို သုံးခွင့်မရတော့ဘူး။ အရည်အချင်းနဲ့ မကိုက်တာတွေ သူတို့ အရည်အချင်းကို မသုံးရတဲ့ အလုပ်မျိုးတွေကို လုပ်နေရတယ်။ အဲ့ဒါ