Skip to main content

Posts

Showing posts with the label my think

sawsan လူ့စိတ်

လူ့သဘာဝ စိတ်ရဲ့သဘောက သတိမထားပဲ လွတ်ပေးထားရင် ကြုံရာအာရုံတစ်ခုခုအပေါ်မှာမျောပါသွားတတ်သလို ခံစားလို့ရတဲ့အာရုံမှန်သမျှ ကိုယ်သန်ရာသန်ရာ ခံစားတတ်တဲ့သဘော ခံစားချင်တဲ့သဘောလေးတွေရှိတယ်။ ပျော်စရာ စိတ်ချမ်းသာစရာတွေကို ခံစားတတ်သလို ဝမ်းနည်းစရာ ကြောက်စရာ စိတ်တိုစရာ စိတ်ညစ်စရာတွေကိုလည်း တွေးပီး ခံစားနေတတ်သေးတယ်။  ကိုယ့်စိတ်အာရုံ ဘယ်အပေါ်မှာ ကျက်စားနေသလဲဆိုတာ သတိမထားမိတဲ့အခိုက်မှာ ပေါ်ရာအာရုံတစ်ခုခုနောက်ကိုလိုက်သွားတတ်တယ် တစ်ခါတစ်လေမှာလည်း အတွေးအာရုံတွေကို ကိုယ့်ဘာသာစိတ်ကူးပုံဖော် ဖန်တီးပီး လွှင့်မျောနေတတ်တယ်။  စိတ်ကို သတိမထားပဲ ပေါ်ရာအာရုံနောက်လိုက်ပီး လွတ်ပေးထားရင် စိတ်ပင်ပမ်းပီး စိတ်ညစ် စိတ်ဓတ်ကျလာတတ်တယ် အချိန်ကုန် အချည်းအနှီးဖြစ်တတ်တယ်၊ ကိုယ့်စိတ်ကို သတိထားပီးစောင့်ကြည့်နေရင် အဆင်မပြေတာ အခက်အခဲတွေ စိတ်ညစ်စရာတွေ ရှိရင်တောင် စိတ်ကိုငြိမ်းချမ်းသက်သာစေပီး ဖြေရှင်းနိုင်မယ့် လမ်းစ စိတ်ခွင့်အားတွေ ရစေတယ်။

sawsan ဧရာဝတီတံတား (ပခုက္ကူ)

ကဗျာစပ်ဖို့ စတွေးတုန်းကတော့ ပခုက္ကူကိုလွမ်းရင်း တံတားအကြောင်း ပခုက္ကူအကြောင်းတွေများများရေးဖို့ပဲ.. စပ်နေရင်းနဲ့ ဘယ်နှဲ့ ပုဂံသူက ပါလာတဲ့မတိဘူး.. ဒါနဲ့ ဆက်မစပ်ရဲတော့ဘူး.. ရပ်လိုက်ရတယ်.. ဟီး.. “ဧရာဝတီတံတား (ပခုက္ကူ)” မြစ်ဧရာကို ကျော်ဖြတ် ပေါင်းစပ်ခဲ့ ပုဂံပြည် ဇာတိမြို့သူ ပခုက္ကူကို :) လွမ်းလျှက် ငါသည် .. ဂုဏ်ယူလို့ ဝံ့ကြွား ဒို့မြန်မာမှာ အရှည်ဆုံးတဲ့ သည်တံတား .. အတိတ်ကိုပြန်တွေး .. ရင်နင့်လို့ ဆွေးမိပါရဲ့ .. ခုနေများ တွဲလက်မဖြုတ် ခိုင်မြဲလို့ သစ္စာတည်ခဲ့ရင် နေ့တိုင်းတွေ့နိုင်ပြီပေါ့ ပုဂံသူရယ် ... compose by sawsan (https://blog.sawsan.pro)

sawsan Your Choice is Your life

လူတစ်ယောက်မှာ ဘယ်လောက်ပဲ ထိန်းချုပ်ခံရမှု၊ အနှောက်အရှက်အခက်အခဲ အတားအဆီးတွေ ရှိနေပါစေ၊ နောက်ဆုံးပိတ် အခြေအနေတစ်ခုခုမှာ သူ့ကိုယ်ပိုင်ရွေှးချယ်ပိုင်ခွင့်ဆိုတာ ရှိပါတယ်။ အခက်အခဲ အတားအဆီး၊ ထိန်းချုပ်ခံရမှုတွေ သိပ်မရှိတဲ့ သာမန်လူတစ်ယောက်မှာလည်း ကိုယ့်ဘဝလမ်းကြောင်းကို ကိုယ်တိုင် ရွေှးချယ်မှု၊ ဦးတည်ချက်ဆိုတာမျိုးတွေ ရှိကြပါတယ်။ လူငယ်တစ်ယောက် အရွယ်ရောက်လာပြီဆိုရင် ကိုယ့်ဘဝလမ်းကြောင်းကို ကိုယ်တိုင်ရွေှးချယ်မှု၊ ရွေှးချယ်ထားတဲ့ လမ်းကြောင်းအတိုင်း ဦးတည်ချက်ချပြီး လျောက်လှမ်းမှုဆိုတာမျိုး ရှိတက်ကြပါတယ်။ တစ်ချို့လည်း ဘဝပေးအခြေအနေတစ်ခုခုကြောင့် သွားချင်တဲ့ လမ်းကြောင်းက တစ်ခု၊ လျောက်လှမ်းနေရတဲ့ လမ်းကြောင်းက တစ်ခုဆိုတာမျိုးတွေလည်း ရှိတက်ပါတယ်။

sawsan ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူ

ဒီနာမည်လေးနဲ့ ဧဒင်မှာ နေရာလေး တစ်ခုသတ်မှတ်ဖို့ စိတ်ကူးမိတယ်။ ဘာလို့လဲဆိုတော့ ဗုဒ္ဓဘာသာကို စိတ်ဝင်စားလို့ပါပဲ။ ဗုဒ္ဓဘာသာကို လေ့လာဖြစ်ရတဲ့အကြောင်းက ကျနော့ စိတ်နဲ့ အံဝင်ဂွင်ကြမဖြစ်တာလေးတွေ၊ ကျနော့စိတ်ကို အနာတရဖြစ်စေလောက်တဲ့ အကြောင်းလေးတွေ တနည်းအားဖြင့် လောကဓံတစ်ခုခု ခက်ဆတ်ဆတ်ရိုက်ခံရတာများလာတဲ့ အခါမှ စပြီး ဘာသာရေးကို လေ့လာဖြစ်တာပါ။ သာမန်အားဖြင့် လောကဓံတစ်ခုခု ရိုက်ခံရတဲ့အခါ လူတွေမှ ဖြစ်တက်တာက တစ်ချို့ အရက်သောက်မယ် လောကကြီးကို ခဏမေ့ပစ်လိုက်မယ်၊ သွေးဆူလာတဲ့အခါ စိတ်ထွက်ပေါက်အဖြစ် အကုန်ပေါက်ကွဲပြီး ရင်ဖွင့်ပစ်လိုက်မယ်။ တစ်ချို့ကျ အားငယ်သွားတယ်၊ ငါကိုယ်က ကံဆိုးတာပါဆိုပြီး ကိုယ့်ပါနဲ့ကိုယ် ကြိတ်ခံစားနေတတ်တယ်။ နောက်ဆုံး မခံစားနိုင်တော့ရင် မသိစိတ်ကနေ ဖြေဖျောက်ပစ်လိုက်တယ်။ အသိစိတ်နဲ့ သိသိမှတ်မှတ် ဖြေဖျောက်တာ မဟုတ်တဲ့အတွက် စိတ်မှာ အတွင်းဒဏ်ရာနဲ့ မသိမသာ ကျန်နေခဲ့တက်တယ်။ တစ်ချို့က စာဖတ်တယ်၊ စာပေထဲက အသိပညာကို ရှာတယ်။ ပြီးတော့ အဲ့ဒီ အသိပညာနဲ့ လောကဓံတစ်ခုခုကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ရဲ့ သဘာဝကို သိအောင်လုပ်တယ်။ ကိုယ့်စိတ်သဘာဝကို သိအောင်လုပ်ရင်း လူတွေရဲ့ စိတ်သဘာဝ ဖြစ်တက် ပျက်တတ်တာတွေကို သိလာတယ်၊ နားလည်လာတယ်

sawsan လူတို့တွင် ဖြစ်တတ်တဲ့ ချို့တဲ့ရာ ချို့တဲ့ကြောင်းများ

၁။ ကံ၊ စိတ်၊ ဥတု၊ အဟာရ မျှတမှုမရှိရင် ... ကျန်းမာရေး ချို့တဲ့ တက်တယ်။ ဒါက ဟိုတုန်းက ကြားဖူးနားဝကို လက်ခံထားတာ၊ အခု ထပ်ဖြည့်ပေးချင်တာက ဒါကဖြင့် ကောင်းတယ်၊ ဆိုးတယ် ဆိုတာကို ဝေဖန် ပိုင်းခြား ဆုံးဖြတ်၊ ဆင်ခြင် နိုင်တဲ့ ဉာဏ်နဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်အတိုင်း သတ္တိရှိရှိ လိုက်နာ ကျင့်ကြံနိုင်တဲ့ ဝီရိယ အားနည်းရင်လည်း ကျန်းမာရေး ချို့တဲ့ တက်ပါတယ်။ ၂။ စာပေဗဟုသုတများကို သိလိုစိတ်ဖြင့် လေ့လာလိုက်စားမှု၊ အဆုံးအမ စကားများကို သိလိုစိတ်ဖြင့် လေ့လာဖတ်မှတ် နာကြားမှု အားနည်းရင် ... အသိပညာ ဉာဏ် ချို့တဲ့ တက်ပါတယ်။ ၃။ ကိုယ်အားကိုယ်ကိုး၍ ကျယ်ပြန့် နှံစပ်အောင် လေ့လာတက်မှု၊ ကိုယ့်ပင်ကိုယ် အရည်အသွေး၊ ကိုယ့်ဝါသနာကို ကိုယ်ကိုတိုင် သိအောင် ဖေါ်ထုတ် အသုံးချတက်မှု၊ မျှတ မှန်ကန်တဲ့ ဇွဲ၊ ဝီရိယ ရှိမှု၊ အချိန်ကို အကျိုးရှိရှိ အသုံးချတက်မှု စသည် တစ်ခုခုမှာ အားနည်းလွန်းနေရင် ... သိအပ် တတ်အပ်တဲ့ အတက်ပညာတစ်ခုခုကို ထွန်းပေါက်အောင် သင်ယူ လေ့လာတဲ့အခါမှာ ရရှိဖို့ ချို့တဲ့ တက်ပါတယ်။ ၄။ ကံ၊ ဉာဏ်၊ ဝီရိယ မျှတမှု မရှိရင် ... တစ်ခုခုမှာ အားနည်းလွန်းနေရင် လောကီ စည်းစိမ် ကြီးပွားချမ်းသာရေးမှာ ချို့တဲ့တက်ပါတယ်။ ၅။ မျှဝေပေးကမ်း စွန့်ကြဲ

sawsan မိဘ ကျေးဇူးအကျေဆပ်နည်း

ဒီ blog လေးက ကျနော့ မွေးနေ့ (Feb 17) မှာ အပြီး ရေးခဲ့ပေမယ့် webpage ပေါ်ကို အခုမှ တင်ဖြစ်တာပါ။ ကျနော် ငယ်ငယ်က ကြားသိခဲ့တာက မိဘကျေးဇူးဆိုတာ ကြီးမားလွန်းလို့ ဆပ်လို့ မကုန်နိုင်ဘူး၊ ဆပ်လို့မရဘူးတဲ့၊ ဘုရားတောင် မိဘကျေးဇူးကို နို့ တစ်လုံးဖိုးပဲ ကြေအောင်ဆပ်နိုင်တယ်လို့ လူကြီးသူမတွေရဲ့ မိဘကျေးဇူး ကြီးမားပုံကို တင်စားပြောဆိုခဲ့တာတွေကို တကယ်ထင်မှတ်ခဲ့တယ်။ ကျနော့ အသက် ၂၀ နှစ်လောက်မှ စပြီး ဆရာတော်တစ်ချို့ရဲ့ ဟောကြားတဲ့ တရားတွေ၊ ရေးသားတဲ့စာတွေကို ဖတ်မှတ်၊ နာကြားရင်း ဆရာတော် ရှင်ဆန္ဒ္ဋာိကရေးသားတဲ့ မိဘကျေးဇူး အကြေဆပ်နည်းဆိုတဲ့ စာအုပ်လေးကို ဖတ်မိတော့ မိဘကျေးဇူးနှင့် ပါတ်သတ်လို့ ကျနော်ငယ်ငယ်က လက်ခံထားတဲ့ အသိအမြင်ဟောင်းတွေက ပြောင်းလဲသွားပါတယ်။ မိဘကျေးဇူးဆိုတာ အကျေဆပ်လို့ မရဘူးဆိုတာ မဟုတ်ပါ၊ ဘုရားတောင် နို့ တစ်လုံးဖိုပဲ ကြေအောင်ဆပ်နိုင်တယ် ဆိုတာ မဟုတ်ပါ၊ မိဘကျေးဇူးကြီးမားလွန်းလို့ တင်စားပြောခဲ့တဲ့ စကားတွေပါ။ မိဘကျေးဇူးကို ကျေအောင်ဆပ်မယ်ဆိုရင် ဆပ်လို့ရပါတယ်။ မိဘကျေးဇူး အကြေဆပ်နည်းကတော့ ္ဋမ္မလို့ခေါ်တဲ့ တရားဖြင့် ဆပ်မယ်ဆိုရင် မိဘကျေးဇူး အကျေဆပ်လို့ရပါတယ်။ တရားနဲ့ ဘယ်လို ဆပ်ရမလဲ?

sawsan ပခုက္ကူနည်းပညာတက္ကသိုလ် ကျောင်းတော်ကြီးကို နှုတ်ဆက်ပြီးနောက် . . .

2006 လ လယ်လောက်မှာ AGTI (EP)နဲ့ ကျောင်းပြီးတာ။ ကျောင်းပြီးတော့ အိမ်မှာ ယောင်ဝါးဝါးရယ်.. ၊ EP နဲ့သာ ကျောင်းပြီးတာ Testra တောင်ကောင်းကောင်းစမ်းတက်တာ မဟုတ် ;) ကျောင်းစာကလည်း V=IR ဒါပဲ မှတ်မိတော့တယ် ဟား..။ အိမ်မှာ ပျင်းတာနဲ့ စာအုပ်တွေပဲ ဖတ်ဖြစ်တယ်။ စာတော်တော်ဖတ်ဖြစ်တော့ ဘာဖြစ်လာလဲ စာရေးဆရာဖြစ်ချင်လာတာပေါ့။ ကျနော့ ညီလေး (10)တန်းရောက်တော့ ညီလေးအတွက် ရေးပေးတဲ့ ကဗျာတစ်ပုဒ် Youth မဂ္ဂဇင်းမှာပါလိုက်သေးတယ်။ အတော်ပျော်သွားတယ်။ ကိုယ်ရေးတဲ့စာကို အသိအမှတ်ပြုပြီး ပုံနှိပ်စာလုံးနဲ့ဖေါ်ပြခံရလို့။ အဲ့ကဗျာလေး ပြန်မျှဝေဦးမယ်.. “လိုတာယူ… ယူတာပေး” သင်ကြားမျှဝေ နားထောင်နေ ဂရုစိုက်လို့ စိတ်ဝင်စား စဉ်းစားဉာဏ်ကြောင့် နားလည်သွား လေ့ကျင့်မှုဖြင့် ကျွမ်းကျင်လာ အသုံးချခြင်းနှင့် မျှဝေပါ။ ‘Bring the need.. Give the brings’ - Listen to the teaching share - Interest with great attention - Unterstant as thinking - Become skillful from exercise - Share with applying. composed by saw san ဒီကဗျာလေးဗျ မြန်မာလိုရေးပြီးမှ အင်္ဂလိပ်လို ဘာသာပြန်ထားတာ။ အဲ့လိုနေရင်း ၆ လ၊ ရ လ လောက် အချိန်ကုန်သွားတယ်။

sawsan ကျနော့ရဲ့ တိုးတိုးတိတ်တိတ် နည်းပညာအမေးအဖြေများ

ကျနော်က နည်းပညာတွေ စိတ်ဝင်စားတယ် ဒါကြောင့် ဧဒင်က member တွေနဲ့ အပြင်က ကျနော့ သူငယ်ချင်းတွေ ကျနော့ကို မေးထားထားတဲ့ မေးခွန်းလေးတွေကို ကျနော် ကြိုးစားပမ်းစား ဖြေထားတာလေးတွေပါ။ ကဲကြည့်ကြည့်အောင် .. Q > ကျနော့ Anti-virus က key တောင်းနေလို့ပါ။ ဘယ်လိုလုပ်ရမလဲမသိဘူးဗျ။ A > အန်တီဗိုင်းရပ်က ကီးတောင်းနေရင် အန်ကယ်ဗိုင်းရပ်ကို ပြောင်းသုံးကြည့်ပါ။ Q > ကျနော့ Desktop ကွန်ပျုတာလေးက အရမ်းလေးနေလို့ပါ။ ကူညီပါဦး။ A > ဟုတ်ပါတယ် Desktop ကွန်ပျုတာတွေက လေးပါတယ်။ ပထမဆုံး တစ်ခုခြင်း မ ရွှေ့ကြည့်ပါ။ ဒါမှ လေးသေးတယ်ထင်ရင် laptop ကိုပြောင်းသုံးပါ။ ကျနော်လည်း Desktop ကလေးတယ်ထင်လို့ိ့ laptop ပဲပြောင်းသုံးနေပါတယ်။ Q > ဥယျာဉ်မှူး ၅ ရှင့် အခု ကျမ ကွန်ပျုတာကို Virus တစ်ကောင်ကိုက်နေလို့ ဘယ်လိုလုပ်ရမလဲ ရှင့်၊ A > ဒီလိုဖြေရှင်းကြည့်ပါ။ အခု ကွန်ပျုတာမှာ ကိုက်နေတဲ့ Virus က သာမန် ခက်သေးသေး Virus တစ်ကောင်ဆိုရင် အဲ့ဒီ Virus ကိုက်နေတဲ့နေရာကို ရေပက်တိုက်ပြီး နေပူပြလိုက်ပါ။ ဒါမှ မသေသေးရင် အရက်ပြန်နဲ့ သေချာပွတ်ဆေးပြီး သတ်ကြည့်ပါ။ တကယ်လို့ ကွန်ပျုတာမှာ ကိုက်နေတဲ့ Virus က ကြီးနေတယ်ဆိုရင် သတိထားပါ။ မီးညှပ်နဲ့ သေချာညှပ

sawsan ချစ်တတ်ပြီလား?

အချစ်နဲ့ ပါတ်သက်ပြီး ဘယ်နှစ်မျိုးလောက်ရှိလဲဆိုတာတော့ မသိပါဘူး။ ကျနော်စဉ်းစားမိသလောက်ကတော့ ကိုယ်က သူ့ကို ချစ်တာ၊ သူက ကိုယ့်ကို ချစ်တာ။ ဒါပဲလား ရှိသေးတယ်နော်၊ ကိုယ့်ကိုကိုယ်ချစ်တာ၊ သိပ်အရေးကြီးပါတယ်။ ကိုယ့်ကိုကိုယ် ချစ်တတ်ဖို့။ ကျနော်တွေးလို့ရသလောက်တော့ ကိုယ့်ကိုကိုယ်ချစ်တတ်ဖို့နဲ့ ကိုယ်က သူ့ကို ချစ်တက်ဖို့ပဲ။ အခု ကျနော်ဆို ကိုယ့်ကိုကိုယ်ချစ်တတ်ဖို့ ကြိုးစားတုန်းမို့ သူတစ်ပါးကို ချစ်တတ်ဖို့ဆိုတာမလွယ်သေးဘူး။ ဘာလို့လဲဆိုတော့ ချစ်တယ်ဆိုတာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ကောင်းကောင်းရပ်တည်နိုင်တဲ့ သူနှစ်ဦး တစ်ယောက်ကို တစ်ယောက်ချစ်တာမှ တကယ်ချစ်တာလို့ ဆရာတော်ဦးဇောတိက စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ တစ်ယောက်ကို တစ်ယောက် မှီ၊ တွယ်၊ နွယ်နေတာတွေကိုပဲ ခေါင်းစဉ်တပ်မှားနေကြတယ်။ ကိုယ့်ကိုကိုယ် ချစ်တတ်မှ သူတစ်ပါးကို ချစ်တတ်မယ်။ ဒါက ဆက်စပ်နေတယ်နော်။ ကိုယ့်ဘဝကိုကိုယ် တာဝန်ယူနိုင်တဲ့သူမှ အချစ်ဆိုတာကို နားလည်မှာ ကိုယ့်ကိုကိုယ် မချစ်တက်တဲ့သူ၊ ကိုယ့်ကိုကိုယ်တာဝန်မယူနိုင်သေးတဲ့သူဟာ မှီခိုတာ၊ တွယ်တာတာ၊ အားကိုးတာ၊ သနားတာ၊ သယောဇဉ်ရှိတာ တာတဲ့ အရာတွေကိုပဲ ချစ်တာလို့ ထင်နေတယ်။ လွတ်လပ်တဲ့အချစ် စစ်မှန်တဲ့အချစ်မျိုး သူမချစ်တတ်သေးဘူး။ သ

sawsan လောကဓံ (၈)ပါး

ကျနော် တွေ့မိသလောက်တော့ လူတော်တော်များများက လောကဓံဆိုရင် အဆိုးကြုံမှ လောကဓံပါလားဆိုပြီး သိကြတာများတယ်။ တကယ့်တော့ လောကဓံ (၈)ပါးက ဆန့်ကျင်ဘက် (၄)ခုစီ ပေါင်းထားတာဗျ။ ကိုယ့်ကိုကိုယ် ဆုံးမဖို့ အတွက်ရေးထားတဲ့အတိုင်းလေးပဲ ရေးပေးလိုက်မယ်နော်... > တည်ငြိမ်ရင့်ကျက်ပြီး လောကဓံကို ခံနိုင်ရည်ရှိတဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုရင်.... ၁။ ပစ္စည်းဥစ္စာတွေ ရရှိနေလည်း ------------- မာန်မတက်သင့်ဘူး။ ၂။ ပစ္စည်းဥစ္စာတွေ မရရင်လည်း ------------- စိတ်မဆင်းရဲသင့်ဘူး။ ၃။ မိတ်ဆွေသူငယ်ချင်းတွေအနားမှာ ရှိနေလည်း ------------ သိပ်ပျော်စရာလို့ မမြင်သင့်ဘူး။ ၄။ မိတ်ဆွေသူငယ်ချင်းတွေအနားမှာ မရှိလည်း ----------- ခပ်အေးအေးပဲနေတက်ရမယ်။

sawsan စားသုံးသူအတွက် ထုတ်ကုန် နဲ့ ဝန်ဆောင်မှု မျှတဖို့လိုတယ်

ကျနော် အင်တာနက်ထဲမှာ စာတွေ ရှာဖတ်တဲ့အခါ တစ်ချို့ စာကောင်းလေးတွေ google ကနေရှာရင်းတွေ့တာလေးတွေရှိတယ် စာဖတ်ဖို့ link ကိုနှိပ်လိုက်တဲ့အခါ webpage က တော်တော်နဲ့ ကျမလာဘူးဖြစ်နေတယ်ဗျာ ကျနော်တို့ နိုင်ငံက ကွန်နရှင်နှေးတာလည်းပါတာပေါ့ ... ဒါပေသိ ကွန်နရှင်က နှေးတာထက် site ထဲမှာ သုံးထားတဲ့ wedgets တွေ၊ ကောင်းနိုးရာရာ js တွေနဲ့ တခြားတခြားသော link ချိတ်ဆက်မှုတွေက site ရဲ့ page ကို စာဖတ်မရလောက်အောင် (ဖတ်ချင်စိတ်ကုန်သွားလောက်အောင်) အသုံးပြုထားတာတွေ့နေရတယ်။ အဲ့ဒါလေးတွေနဲ့ ပါတ်သတ်လို့ ကျနော့ အမြင်လေးကို ပြောပြချင်ပါတယ်။ ကျနော်စားသောက်ဆိုင်တွေကို သွားတဲ့အခါ ဆိုင်က အစားအသောက်ကောင်းလား၊ ဝန်ဆောင်မှုကော ဘယ်လိုနေလဲဆို အကဲခတ်လေ့ရှိပါတယ်။ တစ်ခုကကောင်းပြီး တစ်ခုက အားနည်းနေရင် ဘယ်လိုမှ အဆင်မပြေတက်ပါဘူး။ ဝန်ဆောင်မှု နဲ့ ထုတ်ကုန် balance မျှနေဖို့လိုပါတယ်။ အဲ့လိုပဲ ကျနော်တို့ website တည်ဆောက်တဲ့အခါ (မြန်မာနိုင်ငံရဲ့ လက်ရှိ ကွန်နရှင်အနေအထားကြောင့်ပြောတာပါ) ကိုယ့် website က ဝန်ဆောင်မှုကို အဓိကထားမှာလား ထုတ်ကုန်တွေကို အဓိကထားထားလားဆိုတာ သုံးသတ်ဖို့ လိုပါတယ်။ ဝန်ဆောင်မှုဆိုတာကလည်း စားသုံးသူကို စိတ်ကြေနပ်မှု ဖြစ်စေတဲ

sawsan ညီလေးဆယ်တန်းနှစ်က ကျနော်ရေးပေးခဲ့တဲ့ ကဗျာလေးပါ

"လိုတာယူ... ယူတာပေး" သင်ကြားမျှဝေ နားထောင်နေ ဂရုစိုက်လို့ စိတ်ဝင်စား စဉ်းစားဉာဏ်ကြောင့် နားလည်သွား လေ့ကျင့်မှုဖြင့် ကျွမ်းကျင်လာ အသုံးချခြင်းနှင့် မျှဝေပါ။ 'Bring the need.. Give the brings' - Listen to the teaching share - Interest with great attention - Unterstant as thinking - Become skillful from exercise - Share with applying. composed by saw san

sawsan gmail မ hack ခံရအောင် သူငယ်ချင်းများအတွက် ဗဟုသုတမျှဝေခြင်း

g-mail hack ခံရလို့ဆိုပြီး ကြားမိတယ်။ သူငယ်ချင်းတစ်ချို့မှာလည်းတွေ့နေရတယ်၊ ဘယ်နိုင်ငံက ဘယ်သူတွေများ hack နေသလဲဆိုတော့ မြန်မာနိုင်ငံက မြန်မာအချင်းချင်းကို hack နေတာဗျာ.. မြန်မာနိုင်ငံက hacker တွေ တကယ်တော်နေလားမသိ :) hack ခံရနိုင်တဲ့ အကြောင်းလေး တစ်ချို့ကို ပြောပြမယ်။ ၁။ အကောင့်တစ်ခုကို သူများကိုလုပ်ခိုင်းတဲ့သူတွေအတွက်ပါ user name နဲ့ password ရရုံနဲ့ password ကိုပြောင်းသုံးလိုက်ရုံနဲ့ မလုံလောက်သေးပါဘူး၊ secondary mail နဲ့ security question ကိုပါ ကိုယ်ပိုင်ဖြစ်အောင်ရယူသင့်ပါတယ်၊ အဲ့လိုမှ မလုပ်ရသေးဘူးဆိုရင်တော့ အဲ့အကောင့်ကို အကောင့်လုပ်ပေးတဲ့ သူက ပိုင်နေပါသေးတယ်၊ ၂။ cyber cafe တွေမှာသွားသုံးမယ့် သူငယ်ချင်းတွေအတွက်ပါ ဆိုင်တိုင်းတော့မဟုတ်ပါဘူး၊ တစ်ချို့ဆိုင်တွေမှာ sever software တစ်ခုခုနဲ့ server computer တစ်လုံးကနေ ဆိုင်ထဲက အခြားကွန်ပျုတာတွေကိုထိန်းချုပ်ထားပါတယ်၊ ဒါလည်းသူတို့ စက်တွေရဲ့ ကျန်းမာရေးအတွက်ကာကွယ်ထားတာလည်းပါ ပါတယ်။ ဒါပေမယ့် အဲ့ဒီကွန်ပျုတာကနေ ကျနော်တို့သုံးနေတဲ့ desktop ကိုလှမ်းကြည်ု့လို့ရတယ်။ ပိတ်ချင်ရင်လည်း ပိတ်လိုက်လို့ရတယ်၊ ကျနော်တို့ သုံးတဲ့ ကွန်ပျုတာတွေအားလုံးကို server com

sawsan E-Books

21. http://sawsan.googlecode.com/files/creating_a_virtal_window_with_bart_pe_by_sawsan.pdf 20. http://sawsan.googlecode.com/files/line_communities_with_drupal_phpBB_and_wordpress.pdf 19. http://sawsan.googlecode.com/files/Study_of_window_system_services_by_sawsan.pdf 18. http://sawsan.googlecode.com/files/PHP_Advanced_Tutorial.pdf 17. http://sawsan.googlecode.com/files/PHP_Tutorial_From_beginner_to_master.pdf 16. http://sawsan.googlecode.com/files/jquery_documentation.pdf 15. http://sawsan.googlecode.com/files/jquery_tutorial_beginners.pdf 14. http://sawsan.googlecode.com/files/HTML5_and_CSS3_Develop_with_Tomorrows_Standards_Today.pdf 13. http://sawsan.googlecode.com/files/Own_Forum_reation_By_Yamanya.pdf 12. http://sawsan.googlecode.com/files/MMPHPEbook.pdf 11. http://sawsan.googlecode.com/files/Beginning_HTML_XHTML_CSS_and_JavaScript.pdf 10. http://sawsan.googlecode.com/files/teamviewer_manual.pdf 9. https://www.sites.google.com/site/sawsanpku/howtomakewiki.pdf 8. http://sawsan.googl

sawsan ကိုယ်နားလည်သလို အဓိပ္ပါယ်ဖွင့်မယ်

၁။ ဘုရား = သစ္စာ(၄)ပါးမြတ်တရားကို ကိုယ်ပိုင်ဉာဏ်ဖြင့် ကိုယ်တိုင်သိ၍ သူတစ်ပါးကိုလည်း သိအောင်ဟောပြောနိုင်သူ ၂။ တရား = သိသင့်သိထိုက်သော သဘာဝအကြောင်းအကျိုးအမှန်တရား ၃။ သံဃာ = စောင့်ထိန်းအပ်သော သက္ခာကို စောင့်ထိမ်း၍ ဘုရားအဆုံးအမများကိုပြန်လည် ဟောပြောသူ။ ဒါန၊ ကုသိုလ်ကောင်းမှုများ ဆောင်ရွက်နိုင်သောနေရာ ၄။ မိဘ = မှန်ကန်သောဦးတည်ချက်ဖြင့် ကိုယ့်လမ်းကို လျောက်နိုင်အောင် လမ်းညွှန်ပြသ ဖေးမကူညီပေးခဲ့သူ ၅။ ဆရာ = ဘဝမှာကြုံတွေ့ရမည့် အခက်အခဲတွေကို ပိုင်ပိုင်နိုင်နိုင်ဖြေရှင်းနိုင်အောင် အတန်းပညာ၊ အတက်ပညာ၊ အသိပညာ၊ ဗဟုသုတများကို မျှဝေသင်ကြားပေးခဲ့သူ ၆။ ဉာဏ် = အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှားအမှန်ကို ပိုင်းခြားသိတာ (ဆရာတော်ဥုံးသုမင်္ဂလအမြင်ကို လက်ခံထားခြင်းဖြစ်ပါသည်) ၇။ သီလ = ကိုယ်၊ နှုတ်၊ စိတ်ကို စောင့်ထိမ်းခြင်း ၈။ သမာဓိ = တည်ကြည်ခြင်း ၉။ ပညာ = ဘဝမှာ ကြုံတွေရမည့် အခက်အခဲတွေကို ပိုင်ပိုင်နိုင်နိုင် ဖြေရှင်းနိုင်ပြီး အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှားအမှန်ကို ပိုင်းခြားသိစေရန် အထောက်အပံ့ဖြစ်သောအရာ ၁၀။ ဒိဋ္ဌိ = အယူမှားခြင်း (ဘုရားမပွင်မီက) ၁၁။ ဒိဋ္ဌိ = အမြင် (ဘုရားပွင်းပြီးကာလ) ၁၂။ ကုသိုလ် = လောဘ၊ ဒေါသ၊

sawsan ကျနော် အမြတ်တနိုးထားတဲ့ မှတ်စုများ

> လုပ်ရည်ကိုင်ရည်ရှိလျှင် အသုံးကျတဲ့သူဖြစ်မယ်၊ ကိုယ်ကျင့်တရားရှိလျှင် ယုံကြည်ရတဲ့သူဖြစ်မယ်၊ > ကိုယ်ထက်နိမ့်တဲ့သူနဲ့ပေါင်းရင် အခြေခံအုတ်မြစ်ခိုင်မာမယ်.. ကိုယ်ထက်သာတဲ့သူနဲ့ပေါင်းရင် အတွေးအခေါ်ဉာဏ်ပွင့်လင်းမယ်.. > အသိပညာမှာ လေ့လာနှံစပ်သူသည် ရှုံးနှိမ့်မည်ကို မကြောက်၊ > အတက်ပညာမှာ ကျွမ်းကျင်နှံစပ်တဲ့သူသည် အခက်အခဲကို မကြောက်၊ > အောင်မြင်မှုဆိုတာ ကိုယ်လိုချင်တာကိုရတာ၊ ပျော်ရွှင်မှုဆိုတာ ကိုယ်ရရှိတဲ့အပေါ်မှာ ကျေနပ်နေတာ၊ > ရွေွှးချယ်စရာရှိရင် ပြတ်သားရမယ်၊ ရွေှးချယ်စရာမရှိရင် လုပ်ရဲရမယ်၊ > လူတိုင်းဟာ ချမ်းသာစွာနေဖို့ မွေးဖွားလာတာပါ၊ ချမ်းသာကြောင်း အကျင့်၊ ချမ်းသာကြောင်း အလုပ်၊ ချမ်းသာကြောင်း အတွေးတွေကို မတွေး၊ မလုပ်၊ မကျင့်တဲ့ လူတွေသာ ဆင်းရဲ့စွာနေထိုင်ရတာပါ၊ ဒါပေမယ့် တစ်ချို့က လူမတန်တော့ ကံကိုလွှဲချကြတာပေါ့၊ > ကိုယ့်ရဲ့ အာရုံက ဘယ်မှာ ကျက်စားနေတယ်ဆိုတာ သိမနေတဲ့လူအတွက် အဲ့အချိန်တွေက သေနေတဲ့အချိန်နဲ့အတူတူပဲ > ငါဘာအတွက်အသက်ရှင်နေတာလဲဆိုတာကို သေသေချာချာသိရတာဟာ တော်တော်စိတ်ချမ်းသာစရာ ကောင်းတယ်.. > ဝမ်းနဲဝမ်းသာ များလွန်းတဲ့သူဟာ ဘဝလမ်းကြောင်းမဖြောင့်ဘူး ဝမ်းနဲ ဝမ်းသာဖြစ်တိ

sawsan My domain address change to sawsan23.com

ကျနော့ website ကို sawsan23.com ကိုပြောင်းလိုက်ပါပီ။ ဒီမှာပဲ တည်တည်ငြိမ်ငြိမ်နဲ့ ကျနော်ဘလော့ရေးတော့မှာပါ။ တည်တည်ငြိမ်ငြိမ်ဆိုတာက အရင်တုန်းက ကျနော့ဆိုဒ်က ဟိုပြောင်းဒီပြောင်းနဲ့ ပြောင်းနေခဲ့ရတာလေ.. ကျနော် website တစ်ခုစလုပ်ပြီး ရေးကြည့်တာ blogger.com က blogspot နဲ့ပါ အဲ့နောက် ning.com ပြီးတော့ wordpress.com ပြီးတော့ wordpress ကိုပဲ freehostingcloud ကနေ install လုပ်ပြီး သုံးခဲ့တယ်။ တကယ်တော့ ကျနော်သုံးခဲ့ဖူးတဲ့ freewebsite တွေက တော်တော်များပါတယ် အကုန်လုံးချမရေးချင်တော့လို့ပါ :) Fhc ကိုတော့ မောင် k ကြော်ငြာအားကောင်းတာနဲ့ သုံးဖြစ်သွားတာပါ :) တကယ်လည်း fhc က ကောင်းပါတယ်။ အခု domain အတွက် hosting ကိုလည်း fhc ကပဲယူပြီး လုပ်ထားတာပါ။ နောက်ပိုင်းတော့ hosting ပါဝယ်သုံးဖြစ်မှာပါ။ Domain ကို စနေနေ့ ရန်ကုန်သွားရင်းနဲ့ ဝယ်မလို့ပါ။ ဒါပေသိ ကြာသာပတေးနဲ့မှာပဲ online က ညီငယ် တစ်ယောက်က သူ၀ယ်ပေးမယ်ဆိုတာနဲ့ အဲ့နေ့မှာပဲ ၀ယ်ဖြစ်သွားပါတယ်။ ၁.၉.၂၀၀၉ မှာပါ။ ဒါက ကျနော့ဆိုဒ်မွေးနေ့ပေါ့ဗျာ :) ကျနော်က fri day မှ ဘဏ်ကနေ ငွေပို့ပေးလိုက်တယ်။ sat day မှာ ရန်ကုန်ရောက်တော့ ဒီ domain နဲ့ ပုံမှန်သုံးရအောင် ပြန်လုပ်ခဲ့တယ်။ အခုတေ